"အကိုလေး......

"အော်ဦးလေး ဝင်လာခဲ့ပါ......

အတွင်းရေးမူးကြီး ဝင်လာကာ လက်ထဲက ဖိုင်အိတ်လေးကို ကျွန်တော့်စားပွဲချပေးလာသည်။

"တွယ်တာမိုးဆိုတဲ့ နာမည်နဲ့ရောက်တာပါ......

"ဟုတ် ကိုမင်းကို ကျွန်တော်ခေါ်တယ်လို့ ပြောလိုက်ပါ ဦးလေးသွားလို့ရပါပြီ......

"ဟုတ်ကဲ့အကိုလေး.......

ဖိုင်တွဲကို ကိုင်ထားတဲ့ ကျွန်တော့်လက်တွေတုံရီနေသည်။ ဖိုင်မှာ တွယ်တာမိုးဆိုသည့် နာမည်ကဒ်ပါသည်။ လည်ချောင်းတွေခြောက်ကပ်ကာ ရင်ထဲမောပန်းနေသည်။ ဖိုင်တွဲတစ်ခုကို ဖွင့်ဖို့ ကျွန်တော်ခုချိန်မှာ သိပ်ကို ခက်ခဲနေရသည်။

ဖိုင်ကို ဖွင့်လိုက်တော့ ဓာတ်ပုံတွေကို ကပ်ထားသည်။ ဖိုင်တစ်ခုချင်းစီကို သေချာစိုက်ကြည့်နေမိသည်။

မင်းမြတ်ခွန်း မျက်ဝန်းတို့ မီးတောက်နေသည်။ နဖူးမှာ ချွေးစေးတို့ ထွက်လာသည်။ ဖိုင်ကို ကိုင်ထားသောလက်တို့ဟာ တုံရီနေသည်။ မျက်သန်းအိမ်တို့ဟာ ဖိုင်တွဲကို ကြည့်ကာ ပြေးလွှားနေသည်။

"ဒုန်းးး....

ဖိုင်ကို နံရံသို့ ပစ်ပေါက်လိုက်မိသည်။ ထို့နောက်အသံနက်ကြီးဖြင့်

"အားးးးးး.... ဘာလို့လဲကွ.....ဘာလဲလို့.......

"ခွမ်းးးးး.....ဒုန်းးးး.......

စားပွဲက ရှိသမျှ အရာတွေကို လက်ဖြင့် လွဲချလိုက်သည်။ ဖိုင်တွဲတွေ လက်တော့တွေနဲ့အတူ ကလေးငယ်လေးရဲ့ ဓာတ်ပုံဟာလည်း ကြမ်းခင်းပေါ်သို့ ကျကွဲသွားသည်။

ပန်းအိုးတို့သည်လည်း မူလပုံပျက်ကာ ကွဲကြေကုန်သည်။

ကျွန်တော်မယုံနိုင်ဘူးဗျာ ဝလုံးလေးက ကျွန်တော်အပေါ်ခုလို လုပ်မယ်လို့ ။ အကောင်တစ်ကောင် နဲ့ ကမ်းခြေမှာ ဖက်နေတဲ့ပုံတွေ သူ့လက်ကို အနမ်းခံနေတဲ့ပုံတွေ အိမ်ရှေ့မှာ ဖက်နေတဲ့ပုံတွေ နမ်းနေတဲ့ပုံတွေက ကျွန်တော်မျက်ဝန်းအိမ်မှာ ဖျောက်မရအောင် ဆွဲထင်လာသည်။

"အိုးး အကိုလေး...စိတ်ထိန်းပါအုံးဗျာ.......

ကိုမင်း အခန်းထဲဝင်ဝင်ခြင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိပ်လန့်မိသွားသည်။ ရုံးခန်းတစ်ခုက အကျိုးနဲ့အပဲ့တွေသာ ဖြစ်နေသည်။ မီးဝင်းဝင်းတောက်နေသော မင်းမြတ်ခွန်းအကြည့်တို့ က ကိုမင်းခြေထောက်အောက်နားက ဓာတ်ပုံဖိုင်ပေါ်မှာဖြစ်သည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now