"ဒီလိုဗျာ မဝေကို သူတစ်ခုခုတောင်းဆိုတာ မျိုးပေါ့ မဝေမနေ့ကတွေ့ခဲ့တာ တကယ်လား.......

"ဟုတ်အကိုလေး ခြံစောင့်ကြီးပြောတာတော့ အဲလူက အကိုလေးသွန်းလက်ကို ကိုင်ပြီး ခြံရှေ့မှာ ရပ်နေတာတဲ့.......

မနေ့ကခြံစောင့်ကြီးတွေ့သမျှကို သေချာပြန်ပြောပြနေမိသည်။ ပြောနေတုံး အကိုလေးခွန်းမျက်နာက တင်းမာလာသည်။ မျက်နာက ခက်ထန်လာသည်။ လက်သီးကိုတောင်ဆုတ်ထားသည်။

"ကောင်းပြီ ကျွန်တော်ပြောသလို လုပ်ပြီးရင် ဖုန်းဆက်ကြားလား.......

"ဟုတ်..... ဟုတ်ကဲ့အကိုလေး......

အကိုလေးထွက်သွားမှ မဝေ သက်ပြင်းချမိတော့သည်။ မျက်ခုံးတွေလှုပ်နေတယ် ဘာတွေ ဖြစ်လာအုံးမှာလည်း။ ချစ်ခြင်းတွေ ပြည့်နေတဲ့ ဒီအိမ်လေး မုန်တိုင်းတွေများ လာတော့မှာလား။

#######

မင်းမြတ်ခွန်း

အလုပ်ရောက်တာနဲ့ အလုပ်ကိုတောင် ကျွန်တော်အာရုံမစိုက်နိုင်ပါ။ တွယ်တာမိုးဆီက ဝလုံးလေးပုံတွေက ဘာလိုတွေဖြစ်နေမလဲ ။ အရမ်းသိချင်နေပြီဖြစ်သည်။

မဝေပြောပြချက်အရဆိုရင် ညနေကိုလာမကြို ခိုင်းဘူးလို့ဆိုသည်။ ဝလုံးလေး....ကလေးရယ်....မင်းဘာတွေလုပ်နေတာလဲကွာ။ မင်းကိုအရမ်းစိုးရိမ် နေမိပြီကွ။ ဒါကိုမင်းသိရဲ့လား။

မင်းဘာတွေလုပ်အုံးမှာလဲကွာ ငါရင်မောလာပြီ။

"မင်္ဂလာပါဆရာ......

ရုပ်ရင့်ရင့်နဲ့ တပည့်တစ်ယောက်က ဝင်လာသည်။ သူ့ကို စွန်ရဲလို့ ကျွန်တော်ခေါ်သည်။ လုပ်ငန်းပိုင်းတွေ သူလျှိုပိုင်းတွနဲ့ နောက်ယောင်ခံလိုက်တာတွေမှာ ဆရာကျသူဖြစ်သည်။ သူ့ကြောင့်လည်း ပြိုင်ဖက်တွေ ဘာတွေကျွန်တော်အပေါ်ကြံစီနေတယ်ဆိုတာ သိခဲ့ပေါင်းမနည်းခဲ့။

"ငါ့ညီပုံပဲ.....ပြီးတော့ ငါညီကိုနောက်ယောင်ခံလိုက်ပါ အချိန်နဲ့အမျှ ငါ့ကိုအကြောင်းပြန်ပါ........

"ဟုတ်ကဲ့ဆရာ......

ဝလုံးလေးပုံကို စားပေါ်ကနေ သူယူကာ အိတ်ကပ်ထဲထည့်လိုက်သည်။ သူပြန်ထွက်သွားသည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now