Arc(2.1) - Saint Magus

Start from the beginning
                                    

"အကို့စကားတွေမှန်လာပါစေ လို့မျှော်လင့်ပါတယ်" ဂျင်ချန်းရှီကခြောက်ကပ်ကပ်အပြုံး တစ်ခုဖြင့်ပြန်ပြောလိုက်လေ၏။

"ကျွန်တော့အကိုကြီးမြန်မြန်ပြန်နိုးထ လာနိုင်ပါစေလို့ပဲကျွန်တော်မျှော်လင့် တယ်...သူ့မတော်တဆမှုဖြစ်ပြီးက တည်းကကုမ္ပဏီကမငြိမ်မသက်ဖြစ် ပြီးပြဿနာအမျိုးမျိုးကတောက် လျှောက်တက်နေတာ..ပြီးတော့အဲ့ဒါ တွေအကုန်လုံးကိုကျွန်တော်ဖြေရှင်းဖို့ လိုအပ်နေတယ်..အဲ့ဒါကကျွန်တော့ ခေါင်းတစ်ခုလုံးပေါက်ထွက်တော့မလိုပဲ"

လီလျိုကဂျင်ချန်းရှီနှင့်စကားစမြည် ပြောဆိုပြီးနောက်သူကအိပ်ယာဘေးမှ ထိုင်ခုံတွင်ထိုင်နေရင်းဂျင်ချန်းဂျီရဲ့အိပ် ပျော်နေသောအသွင်အပြင်ကိုတိတ်တ ဆိတ်ကြည့်နေမိသည်။မွန်းတည့်ချိန် အရောက်တွင်တော့သူကမကြာခဏ မစားဖြစ်သည့်ဂျင်ချန်းရှီကိုဆွဲခေါ်ကာ နေ့လည်စာစားရန်ဆေးရုံဘေးရှိစား သောက်ဆိုင်သို့ခေါ်သွားလိုက်သည်။ ထို့နောက်မှာတော့ဂျင်ချန်းဂျီနှင့်ဆေး ရုံခန်းတွင်အချိန်အတန်ကြာအတူနေ ပေးလိုက်ပြီးမှတက္ကစီစီး၍အိမ်သို့ပြန် သွားလိုက်တော့လေ၏။

အိမ်ပြန်ရောက်ပြီးနောက်မှာတော့ လီလျိုကသူ့ဖိနပ်ကိုချွတ်လိုက်ပြီး အိပ်ခန်းသို့လမ်းလျှောက်သွားနေ သည့်အချိန်တွင်ရှောင်းချီရဲ့အသံအား သူ့စိတ်ထဲတွင်ကြားလိုက်ရသည်။

【ကြီးမြတ်တဲ့Hostရေ..ကျွန်တော် တို့သုံးနာရီအတွင်းဒုတိယမြောက်ကမ္ဘာ ကိုသွားရပါတော့မယ်ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ~ဇာတ်လိုက်တွေရဲ့ နောက်ဆုံးရလဒ်ကနေမသွေဖယ်သ၍ စည်းမျဉ်းစည်းကမ်းတွေကအတူတူ ပါပဲ........ကျန်တဲ့အချိန်မှာတော့ HOST အနေနဲ့ဆန္ဒရှိသလိုလုပ်ဆောင်နိုင်ပါတယ်~】

လီလျိုကချက်ချင်းပင်သူ့လှုပ်ရှားမှု များကိုရပ်လိုက်ပြီးမေးလိုက်သည်။

[ဒုတိယကမ္ဘာကဘယ်ကိုသွားရ မှာလဲဆိုတာသိလို့ရမလား?]

ရှောင်းချီကလီလျိုရဲ့စိတ်ထဲတွင်အသံ ကျယ်လောင်စွာဖြင့်ပြန်ပြောလိုက်သည်။

【( ̄Д ̄)┍ တောင်းပန်ပါတယ် host ကျွန်တော်လည်းကျွန်တော်တို့ဘယ် ကိုသွားရမလဲဆိုတာမသိပါဘူး】

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now