Arc(2.1) - Saint Magus

Start from the beginning
                                    

ထိုနေရာတွင်ဂျင်ချန်းရှီကရပ်တန့် လိုက်ပြီးထပ်မပြောတော့ပေ။

လီလျိုလည်းဒီလိုပြဿနာမျိုးက သူထပ်ပြီးတူးဆွလို့မရတော့ဘူးဟု နားလည်လိုက်သောကြောင့်ထိုအကြောင်း အရာကိုပြောဆိုခြင်းအားရပ်တန့်လိုက် တော့သည်။မကြာသေးမီကဂျင်အုပ်စု နှင့်ပတ်ပြီးဆိုးဝါးလှသောကောလဟာ လများပေါ်ထွက်လာခဲ့သောကြောင့် ဂျင်အုပ်စု၏စတော့ရှယ်ယာဈေးနှုန်း အတန်ငယ်ကျဆင်းသွားခဲ့ရသည်လေ။

သူကထိုင်ခုံတစ်လုံးအားဆွဲယူလိုက်ပြီး ဂျင်ချန်းဂျီရဲ့အိပ်ယာဘေးမှာဆွဲထိုင် လိုက်လေ၏။ဂျင်ချန်းဂျီရဲ့အိပ်ပျော် နေသောအသွင်အပြင်ကိုကြည့်လိုက် ပြီးသိခြင်စိတ်ဖြင့်မေးလိုက်သည်။

"သူဘယ်တော့လောက်သတိရလာ မယ်လို့ဆရာဝန်ကပြောလဲ?"

"ဆရာဝန်ပြောတာတော့ကျွန်တော့ အကိုကအန္တာရယ်ရှိတဲ့အခြေအနေက နေလွတ်လာခဲ့ပြီတဲ့ဒါပေမဲ့သူကကိုမာ ဝင်နေတုန်းပဲ....ယာဉ်တိုက်မှုကြောင့် သူ့ဦးနှောက်အစိတ်အပိုင်းတစ်ခုခု ဒဏ်ရာရသွားတာဖြစ်နိုင်တယ်လို့ ဆရာဝန်ကပြောသေးတယ်...ပြီးတော့ သူ့အနေနဲ့အခြေအနေကိုဆက်တိုက် ကြည့်နေယုံပဲတတ်နိုင်တယ်တဲ့... သူကအချိန်မရွေးနိုးလာနိုင်တယ် ဒါမှမဟုတ်နိုးမလာနိုင်တော့တာ လည်းဖြစ်နိုင်တယ်...အဆိုးဆုံး အခြေအနေကတော့သူဘယ်တော့မှ မနိုးလာတော့ပဲသစ်ပင်လူသားအခြေ အနေလည်းဖြစ်သွားနိုင်တယ်ဆိုတာပဲ....."

နောက်ဆုံးစကားအရောက်တွင် ဂျင်ချန်းရှီရဲ့အသံကတစ်နည်းနည်းနဲ့ ကွဲအက်နေခဲ့လေသည်။

"ဒါပေမဲ့မနေ့ကညနေကတော့ဆရာဝန် ကကျွန်တော့အကိုကြီးရဲ့တည်ငြိမ်နေ တဲ့ဦးနှောက်လှိုင်းမှာသိသိသာသာအ တက်အကျဖြစ်သွားတာကိုတွေ့ရှိ သွားတယ်..ဆရာဝန်ပြောတာတော့ ဒါကကောင်းတဲ့ဖြစ်ရပ်ပဲတဲ့..အကို ကြီးမကြာခင်နိုးလာတော့မှာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ"

"အင်းသူသေချာပေါက်ကျော်လွှားနိုင်မှာပါ" လီလျိုကပြောလိုက်ပြီးဂျင်ချန်းရှီရဲ့ စကားများကိုကြားသောအခါဂျင်ချန်းဂျီ ရဲ့နှလုံးခုန်နှုန်းအနည်းငယ်လျှော့ကျ သွားမှာကိုစိုးရိမ်သွားမိသောကြောင့် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီးဂျင်ချန်းဂျီ ရဲ့လက်ကောက်ဝတ်အားကိုင်ကြည့် လိုက်ကာတည်ငြိမ်နေသည့်နှလုံးခုန်နှုန်း ကိုခံစားရမှာသာစိတ်သက်သာရာရ ပြီးပြန်လွှတ်ပေးလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now