အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး

Start from the beginning
                                    

ယွီလေး၏ ငြီးတွားမှုကို ရီဟွား နားသည်းမခံနိုင်စွာ အော်ငေါက်ပစ်လိုက်တော့သည်။ အမှန်ဆို သူ ဝိညာဉ်ကူးေ​ပြာင်းတာ ထိုအစေခံ​လေး မသိလည်း သူ့အနေဖြင့် စိတ်မရှည်ချင်ပေ။

"ဝမ်းနည်းရလွန်းလို့ပါ သခင်​​လေးရယ်​ ဟင့်​ ရွှတ်​"

"မင်း ဘာလို့ အဲ​လောက်​ အငိုသန်​ရတာလဲ...မင်း ​မွေးတုန်းက အားရပါးရ မငိုလိုက်​ရလို့လား"

"အာ သခင်​​လေး ဘယ်​လိုသိပြန်​တာလဲ...တကယ်​ ကျွန်​​တော်​ ​မွေးတုန်းက​လေ တစက်​မှ မငိုဘူး...အဲဒါနဲ့"

သူ၏ စကားတို့အား အားရပါးရ​ထောက်​ခံလာ​သော​ကောင်​​လေး​ကြောင့်​ သူ စိတ်​ပျက်​သွားရသည်​။ မကြာခင်​ နားညီး​ရတော့မည်​ကို သိသွား​ရသော​ကြောင့်​ပင်​။

"​တော်​​တော့...မင်း ဘာလို့ အဲ​လောက်​စကား အရမ်းများရတာလဲ...အ​ကြောင်း တစ်​ခုခုရရင်​ ဆက်​တိုက်​​ပြော​တော့တာ မပြီးနိုင်​​တော့ဘူး...ဆက်​မ​ပြောနဲ့​တော့"

"အာ သခင်​​လေးကလည်း ပြီး​တော့မှာပါ..အဆုံးထိ နား​ထောင်​​ပေး​နော်​..ခဏ​လေးပဲ...အဲဒါနဲ့ ဝမ်းဆွဲ​သည်​က ကျွန်​​တော့်​ကို ငို​အောင်​ ရိုက်​​ရော...ကျွန်​​တော်​ သတ္တိရှိလိုက်​ပုံများ အရိုက်​ခံရတာ​တောင်​ မငိုဘူး...ဝမ်းဆွဲသည်​က နင်​မငိုရင်​ နင့်​အ​မေဗိုက်​ထဲ ပြန်​ထည့်​မယ်​​ဆိုမှ ငိုတာ...သူများက​လေး​​တွေလို စူးစူးဝါးဝါး​အော်​ငိုတာ မဟုတ်​ဘူး​နော်​...အဲဒီတုန်းက အရမ်းမငိုခဲ့ရလို့...ခုချိန်​မှာ အငိုသန်​တာ​နေမှာ"

"အဲဒီတုန်းက ကိစ္စ​တွေ မင်းသိသလို ပုံစံနဲ့ မ​ပြောစမ်းပါနဲ့...အဲဒီအချိန်​ မင်းကို အမှိုက်​ပုံထဲ ​ကောက်​ပစ်​လိုက်​ရင်​​တောင်​ မင်းသိနိုင်​တဲ့ အရွယ်​ မဟုတ်​ဘူး"

"အဟီး...ကျွန်​​တော့်​ အ​မေ ​ပြောပြတာကို ကျွန်​​တော်​ကပြန်​​ပြောပြတာပါ"

"အင်း...ဟုတ်​ပြီ...​ပြောလို့ ပြီးပြီလား...အဲဒါဆို ခု ငါ ဆက်​​ပြောလို့ရပြီလား"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now