Monster of Bae❤part-22

1.5K 133 18
                                        

Mayကိုအိမ်ပြန်လိုက်ပို့ပေးပြီး​တော့ Kyung Soo

chanyeolအိမ်ကို တန်းသွားလိုက်သည်။ခြံ​ကျယ်ကြီး​ရှေ့

ရောက်​တော့ kyung sooဝင်ရင်ကောင်းမလား

ပြန်လှည့်ရင်ကောင်းမလား စဉ်းစားနေမိသည်။

chanyeolရဲ့ဒေါသကို သူသိတယ်။သူ့ကိုလွယ်လွယ်နဲ့လျော့ပေး

မှာမဟုတ်ဘူး။ ဟူး.....ငါ မသေတော့မသေလောက်ပါဘူးနော်။

"သားက Doh Kyung Soo မှတ်လား"

ခြံထဲကအသံလာရာကြည့်လိုက်တော့ ဦးလေးအရွယ်လူကြီး

တစ်ယောက်ကသူ့ကိုခေါ်နေသည်။ မျက်နှာကလည်း

စိုးရိမ်ပူပန်နေသလို။

"ဟုတ်....ဦးလေး.."

"အစ်ကိုလေးက​ သားလာမယ်လို့​ပြောထားပါတယ်....အခုသားကိုသူ

ဧည့်ခန်းထဲမှာစောင့်နေတယ်"

"ဟုတ်ဦးလေး..."

Kyung Sooအိမ်ဝန်းကျယ်ကြီးထဲဝင်လာခဲ့ပြီး

ဘယ်လိုအခြေနေဖြစ်ဖြစ်ရင်ဆိုင်မယ်လို့စိတ်ကို ဆုံးဖြတ်ချက်ချထား

လိုက်သည်။

"အစ်ကိုလေး.....အစ်ကိုလေးစောင့်ခိုင်းတဲ့သူရောက်နေပါပီ"

ဆိုဖာပေါ်မှာကျောခိုင်းပြီးထိုင်နေတဲ့chanyeolပုံစံကပင်

တော်တော်ကြောက်ဖို့ကောင်းနေသည်။

"ရပီ...ဦးလေးလုပ်စရာရှိတာသွားလုပ်လိုက်တော့....

ကျွန်တော်မခေါ်ပဲဘယ်သူမှမလာဖို့ပြောထားလိုက်"

"ဟုတ်....အစ်ကိုလေး...".

အခုဆိုရင်chanyeolနဲ့သူနဲ့နှစ်ယောက်ထဲပဲ ကျန်တော့သည်။

kyung sooအဲ့နေရာမှာတာ တောင့်တောင့်ကြီးရပ်နေမိသည်။

"မင်း...အဲ့နေရာမှာဘယ်​လောက်ထိ ရပ်နေဖို့တွေးထားလဲ"

"Ye..yeol...ကျွန်တော်ကလေ"

"ငါမင်းကို ဘာမေးသေးလို့လဲ....."

Chanyeolရဲ့အေးစက်စက်အသံက သူ့ကိုစိတ်ညစ်စေသည်။

အရင်က တစ်ခါမှ ဒီလိုအသံနဲ့မပြောဖူးဘူး။ သူ့ကို မျက်နှာတည်ကြီး

Monster of Bae ❤(ChanSoo)(Uni Code+ Zawgyi Code)Where stories live. Discover now