Monster of Bae❤part_14

1.6K 126 13
                                        

"အစ်ကိုလေး.....ဝင်ခွင့်ပြုပါ..."

"အေး....ဝင်လာခဲ့....."

အခန်းထဲကအေးစက်စက်အသံကြောင့် သူလန့်တောင်

သွားသည်။ အစ်ကိုလေးအဖေရဲ့စုံစမ်း​ရေးမှူးသာလုပ်ရတာ

သူဌေးကိုကအဲ့လောက်မရှိန်ရဘူး။ parkသူဋ္ဌေးကြီးကမှ

အပြုံးအရယ်ရှိသေးတယ်။ သခင်လေးကတော့

လူကဘယ်လောက်အေးစက်လည်းမ​ပြောနဲ့..သူ့အနီးနားက

လူတွေပါ ရေခဲရုပ်ထုဖြစ်လောက်တယ်။ သူဌေးကလည်း

အစ်ကိုလေးကိုအရမ်းချစ်ပြီးအလိုလိုက်တော့ အကုန်လုံး

အစ်ကိုလေးသဘောပင်။

"အစ်ကိုလေး....ဒါတွေကကျွန်တော်စုံစမ်းထားတဲ့

Lee min youngရဲ့ profile အပြည့်အစုံပါ။

Lee min youngရဲ့အ​ဖေက သူဌေး ကုမ္ပဏီခွဲမှာ

ရှယ်ယာဝင်ထားတယ်အစ်ကိုလေး။ သူတို့နယ်မြေမှာတော့

တော်တော်ပေါက်ရောက်တယ်အစ်ကိုလေး။"

Chanyeol အချက်အလက်တွေကိုကြည့်ပြီး

နှူတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ Lee min youngမိဘ

တွေကချမ်းသာတယ်။ကျောင်းမှာဆိုလည်း

Lee min youngကအမြဲတမ်းအားနည်းတဲ့သူ​တွေကို

အနိုင်ကျင့်တယ်။ သူတက်ခဲ့တဲ့ကျောင်းမှာလည်း သူ့မိဘတွေ

ကရှယ်ယာဝင်ထားသေးတယ်။

"ဟက်....ဒီကောင်ကကျောင်းလူဆိုးပေါ့..."

Chanyeol စာရွက်အောက်ပိုင်းနားလည်းရောက်ရော

မျက်နှာထားက တင်မာသွားကာ အံ့ကြိတ်ထားသောကြောင့်

မျက်နှာတွေပါနီလာသည်။

"ဒီခွေးကောင်ကငါ့baeကို ထိရဲတယ်ပေါ့....တောက်...

မျက်လုံးကိုဖောက်ပြီး တစ်ကိုယ်လုံးနုတ်နုတ်ဆင်း

ခွေးကျွေးရရင်တောင်..ငါစိတ်ပြေမှာမဟုတ်ဘူး...၊"

"ဝုန်း..."

"ဒိုင်း.."

"ဒုန်း"

Monster of Bae ❤(ChanSoo)(Uni Code+ Zawgyi Code)Where stories live. Discover now