Warning 🔞🔞🔞
Kyung Sooကျောင်းခန်းထဲရောက်တော့ Luhanကအခန်းထဲပင်ရောက်နှင့်နေပီ။ မနေ့ကLuhan ရောအဆင်ပြေရဲ့လားမသိ။
"Soo yrr.."
Kyung Soo ဘယ်လိုစကားစပြောရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း Luhanကအရင် သူ့ကိုလှမ်းခေါ်နေသည်။
"ဟင်...အာ..Luhan yrr...တစ်နေ့က အိပ်ကောင်းကောင်းပြန်ရောက်ရဲ့လား..."
"ရောက်....ရောက်ပါတယ်..ဟီး.."
"မင်းရော..."
"ဟင်....အင်း..ငါလည်းအဆင်ပြေပါတယ်..."
တစ်ယောက်နဲ့တစ်ယောက် အတွေးတေကိုယ်စီနဲ့ စကားထပ်မပြောဖြစ်တော့။
"Doh Kyung Soo"
Kyung Sooနာမည်ခေါ်သံကြားတော့ အလန့်တကြားမတ်တပ်ပင်ထရပ်မိသည်။
"ဗျာ..ဗျာဆရာ..ဟီး..."
"Kyung Soo....စာသင်ချိန်မှာ အိပ်ငိုက်နေတာလား..."
"မဟုတ်..မဟုတ်ပါဘူးဆရာ၊ရုတ်တရတ်ဆိုတော့ လန့်သွားလို့ပါ...ဟီး.."
Kyung Soo စာသင်ချိန်မှာ အိပ်ငိုက်တယ်ဆိုတာရှားသည်။ အရင်ကျောင်းတွေမှာလည်း role 1ကပင်မဆင်း။ သူဒီကျောင်းတက်လို့ရတာလည်း အမှတ်တေကောင်းလွန်းလွန်းလို့ကြောင့်လည်းပါသည်။ဟို park chanyeolကြောင့် ငါခုလိုဖြစ်နေတာ..၊တစ်ကယ်ပဲ နတ်ဆိုးဝင်နေပီ..ဟင်း..။
"အေး...မင်းassignmentကိုလာထပ်ပေးသွားတယ်လို့ ပြောမလို့ ...ရပီ..ထိုင်...ထိုင်"
"ဗျာ...၊အာ..ဟုတ်.. ဆရာ"
ဆရာထွက်သွားတော် Luhanကတအံတသြနှင့် Kyung Sooကိုကြည့်ကာ..
"Yrr....Sooလေး...မင်းစန်းပွင့်လှချည်လား၊ဘယ်ကောင်မလေးလည်းပြော....၊ woow....ကျောင်းတက်တာတောင်မကြာသေးဘူး assignmentထပ်ပေးမယ့် ကောင်မလေးရှိနေပီ....လေးစားတယ်ကွာ..."
"မဟုတ်ပါဘူးကွာ..,."
Kyung Sooကိုယ့်အကြောင်းကိုသိတာမို့လို့ ခေါင်းကုတ်ပြီးသာငြင်းလိုက်သည်။
"ဘာလဲ...မင်းကသူငယ်ချင်း အချင်းချင်းမပြောပြချင်ဘူးလား..."
"ငါ့ကောင်မလေး မဟုတ်ပါဘူးကွာ..."
"Woow....အဲ့ဆိုcrushနေတဲ့ကောင်မလးပေါ့....."
YOU ARE READING
Monster of Bae ❤(ChanSoo)(Uni Code+ Zawgyi Code)
FanfictionBae မင်းဘယ်မှထွက်ပြေးဖို့ တွေးတောင်မတွေးနဲ့.... အေး.....ပြေးရင်လည်းလွတ်အောင်ပြေး ကိုယ်ပြန်ရှာတွေ့လို့ကတော့ မင်းရောမင်းကိုကူညီပေးတဲ့လူတေကော ကိုယ့်ဘဝ ကိုယ်တွေးထားကြ ကိုယ်ဘယ်လောက်ရက်စက်တတ်လည်း မင်းသိပါတယ် ...
