Monster of Bae❤part-20

1.9K 144 29
                                        

မနက်လင်းတော့ chanyeol အရင်နိုးနေသည်။

သူ့ဘေးနားကိုခေါင်းစောင်းကြည့်တော့ baeကသူ့လက်မောင်းပေါ်

မှာ နှစ်ခြိုက်စွာအိပ်နေသည်။ chanyeolတစ်ချက်ပြုံးလိုက်ရင်း

kyung sooပါးလေးကို မြတ်နိုးစွား ဖွဖွလေးဆွဲလိုက်သည်။

ဒီအတိုင်းလေးပဲ ကိုယ်နိုးလာတဲ့မနက်ခင်းတိုင်း

ကိုယ့်ဘေးနားမှာရှိနေစေချင်တယ်။ ကိုယ့်အပေါ်ကိုပဲ

မှီခိုစေချင်တယ်။

"အင်း......."

Kyung Soo ခန္ဓာကိုယ်လေးလှူပ်ရွလာတာကြောင့်

chanyeolမျက်စိကိုပြန်မှိတ်ထားလိုက်သည်။

Kyung Soo နိုးလာတော့ yeolကသူ့ဘက်လှည့်ပြီးအိပ်နေ

သည်။ omg...တစ်ညလုံး ငါyeolလက်မောင်းပေါ်အိပ်နေခဲ့တာ

လား၊ yeolနိုးလာရင် လက်မောင်းကျင်နေတော့မှာပဲ၊

kyung soo ဖြေးဖြေးချင်းထနေတဲ့အချိန်မှာ chanyeolရဲ့

လက်ကသူ့ကိုလာဖတ်လိုက်သည်။ ဘယ်လိုဖြစ်လို့ လက်တစ်ဖတ်က

တစ်ကိုယ်စာဖိထားသလောက်လေးနေတာလဲ။kyung soo

ကိုယ်လေးကိုလှူပ်ကာ chanyeolလက်ကို သူမနိုးအောင်

ဂရုတစိုက်ဖယ်နေသည်။ သို့သော် chanyeolကလှူပ်တောင်

မလှူပ်။

Chanyeol သူ့လက်မောင်းကိုဖယ်ဖို့ နည်းအမျိုးမျိုးသုံးနေတဲ့

ကောင်လေးကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

chanyeol မျက်နှာလေးရှူံကာ သူမနိုးအောင် ဂရုစိုက်ဖယ်နေတဲ့

ကောင်လေးကို စချင်လာတာကြောင့် သူ့လက်မောင်းကို

အားစိုက်ဖိထားလိုက်သည်။

"အဟက်...."

"ဟင်"

Kyung Sooမော့ကြည့်လိုက်တော့ chanyeolကသူ့ကိုရီပြီး

ကြည့်နေသည်။ဟာ...ရှက်လိုက်တာ။ ယောင်္ကျားလေးဖြစ်ပြီ

ယောင်္ကျားလေးတစ်ယောက်ကိုတောင် မတွန်းလှန်နိုင်ဘူး။

"Yeo....yeol...၊ကျွန်တော့ကြောင့် နိုးသွားတာလား.."

Monster of Bae ❤(ChanSoo)(Uni Code+ Zawgyi Code)Where stories live. Discover now