တင်.....
"ကိုရေ....mayကိုကြီးကိုခေါ်ပြီးကျောင်းသွားနှင့်ပြီ...
နေ့လယ်ကျမှတွေ့ကြမယ် bye....blah..blah..."
Baek messageကိုကြည့်ပြီး ပြုံးလိုက်မိသည်။ အခုလို
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စ နောက်ပြီးနေရတာ
စိတ်ချမ်းသာသည်။ ဒီလိုလေးပဲ အမြဲနေရရင်ကောင်းမယ်။
ဘာပဲပြောပြော mayကဒီနေ့ ကိုကြီးကို ဦးသွားပြီဆိုတော့
နောက်နေ့ငါ့အလှည့်ပဲ ဟားဟား။
Baekအခန်းထဲဝင်လာတော့ mayကသူ့သူငယ်ချင်းတွေ
နဲ့စကားပြောနေသည်။ mayက ချစ်ဖို့ကောင်းတဲ့အပြင်
သွက်လက်တော့ အပေါင်းအသင်းကတော့ ပေါသည်။
အခုလည်းကြည့် စာသင်နေတာကိုမကြည့်ပဲနဲ့ ဖုန်းကလိနေ
တယ်။ ဒီကောင်မလေးကတော့ ကိုကြီးနဲ့ကိုတိုင်ပြောပစ်မယ်။
"ကဲ..ဆရာမစာမေးပွဲအတွက်လိုအပ်တာတွေပြောပြီးပြီ
နော်...စာသေချာလုပ်ကြ...ဆရာမသွားတော့မယ်.."
Baekစာအုပ်တွေထည့်ပြီးလို့ ကိုကြီးဆီတူတူသွားဖို့
mayကိုကြည့်တော့မရှိတော့ပေ။ ဒီကောင်မလေးကတော့
ကိုကြီးဆီအရင်သွားပြန်ပြီနဲ့တူတယ်။baekလွယ်အိတ်ကို
လွယ်ကာ ကိုကြီးတို့အဆာင်ဘက်လျှောက်လာခဲ့သည်။
"ဟို...မင်းကbaekhyunလား.."
"ဟုတ်...အစ်ကိုဘာကိစ္စရှိလို့လဲမသိဘူး"
"Doh Kyung Sooက မင်းကိုကျောင်းခေါင်မိုးထပ်ကို
လာခဲ့ပါလို့ ပြောခိုင်းလို့..."
"Aww..ဟုတ်အစ်ကို...ကျေးဇူးပဲနော်...."
"အေး..အေး...ရပါတယ်"
ကိုကြီးတို့ဘာအစီစဉ်ရှိလို့လဲမသိဘူး။ mayကလည်း
phလေးတောင်မဆက်ဘူး။ နှစ်ယောက်သားတစ်ခုခုကြံနေ
တာဖြစ်မယ်။ အေးပါ....ဟိုရောက်ရင်နှစ်ယာက်လုံးအတွက်
အံသြပေးလိုက်ပါမယ်။baek ကိုယ့်ဘာသာတွေးကာ ပြုံးစိစိ
YOU ARE READING
Monster of Bae ❤(ChanSoo)(Uni Code+ Zawgyi Code)
FanfictionBae မင်းဘယ်မှထွက်ပြေးဖို့ တွေးတောင်မတွေးနဲ့.... အေး.....ပြေးရင်လည်းလွတ်အောင်ပြေး ကိုယ်ပြန်ရှာတွေ့လို့ကတော့ မင်းရောမင်းကိုကူညီပေးတဲ့လူတေကော ကိုယ့်ဘဝ ကိုယ်တွေးထားကြ ကိုယ်ဘယ်လောက်ရက်စက်တတ်လည်း မင်းသိပါတယ် ...
