ထိုနေရာကဟွာနိုင်ငံရဲ့ကိုယ်ပိုင်ဆေးရုံ တစ်ခုဖြစ်ပြီးထိုနေရာရှိအခကြေးငွေက လွန်စွာမြင့်မားသော်လည်း၎င်းတွင်နိုင်ငံ ၏အကောင်းဆုံးသောဆေးဝါးကုသမှု နှင့်အရင်းအမြစ်များရှိနေသည်။၎င်း၏ လျှို့ဝှက်ပေးသောဝန်ဆောင်မှုသည်လည်း အလွန်ကောင်းမွန်ပြီးလူနာများနှင့် သက်ဆိုင်သည့်သတင်းအားလုံးကို တားမြစ်ထားသည်။ဆေးရုံအတွင်းမှ ဘယ်နေရာမှာမဆိုသတိပေးကိရိယာ များတပ်ဆင်ထားပြီး၎င်းကသတင်း ထောက်များရောနှောဝင်ရောက်လာပြီး ဓာတ်ပုံရိုက်ခြင်းများကိုလည်းထိရောက် စွာတားဆီးနိုင်သည်။ဧည့်သည်များသည် လည်းလူနာခန်းထဲသို့ဝင်ရန်မိသားစုဝင် များ၏ခွင့်ပြုချက်ကိုလိုအပ်လေ၏။

လီလျိုကသတင်းစာကိုချထားလိုက်ပြီး အသီးဆိုင်သို့သွားကာသစ်သီးတစ်ခြင်း ဝယ်လိုက်သည်။ဆေးရုံသွားရင်လက် ဆောင်ဝယ်တာကသစ်သီးကလွဲရင်ဘာ ဝယ်ရမလဲဆိုတာလည်းသူမသိဘူးလေ။

နောက်တစ်နေ့မနက်အစောပိုင်းလောက် မှာသူကကားငှားပြီးအဲ့ဒီကိုယ်ပိုင်ဆေးရုံ သိုတိုက်ရိုက်မသွားခင်မှာဂျင်ချန်းဂျီရဲ့ ညီငယ်ဂျင်ချန်းရှီအားသူ့အကိုကြီးရဲ့ ဆေးရုံကိုလာရောက်မည်ဖြစ်ကြောင်း အကြောင်းကြားရန်ပါရည်ရွယ်ထား လိုက်သည်။

ထို့နောက်လီလျိုကအရင်ဆုံးအိပ်ခန်း ထဲသို့ဝင်ပြီးရေချိုးရန်ပြင်ဆင်လိုက် တော့သည်။သူအားလုံးပြီးဆုံးသွားသည့် အခါမှသာလီလျိုကသူကမ္ဘာစစ်ကိုပြန် ရောက်ပြီးနောက်ပိုင်းသူ့ဝတ္ထုရဲ့ဖြစ်ပေါ် တိုးတက်မှုများကိုစစ်ဆေးဖို့နဲ့အခန်း အသစ်မတင်ရသေးတာကိုသတိရသွား မိ၏။သို့သော်အခုချိန်ကသူ့မှာရေးဖို့ခံစား ချက်မရှိသေးပေ။ကံကောင်းထောက်မ စွာနဲ့သူ့မကူးပြောင်းတုန်းကရေးပြီးသား ဖိုင်ထဲမှာအခန်းသစ်အနည်းငယ်ရှိနေ သေးသည်။ဒါကရက်အနည်းငယ် လောက်ရင်ဆိုင်ဖြေရှင်းဖို့တော့လုံ လောက်လေသည်။

သူပဝါခလုတ်ကိုနှိပ်ပြီးတစ်မိနစ် လောက်စောင့်ပြီးနောက်ငါးနှစ်ကျော် ကြာအသုံးပြုခဲ့သည့်ကွန်ပျူတာက နောက်ဆုံးတော့ပွင့်လာခဲ့သည်။မိနစ် အနည်းငယ်အကြာမှာတော့လီလျိုက သူ့ရဲ့usernameနှင့်password ကိုသူ့ရဲ့တစ်နည်းနည်းနဲ့အကျွမ်းတဝင် မရှိသလိုဖြစ်နေသည့်အကောင့်ထဲထည့် လိုက်ပြီးloginဝင်လိုက်၏။သူမူလ ကမ္ဘာကိုပြန်လာသည့်အချိန်ကကူးပြောင်း ခြင်းမတိုင်မီအချိန်နှင့်တူညီသော်လည်း အမှန်မှာသူသည်ချင်ယုရဲ့ကမ္ဘာတွင် ဆယ်စုနှစ်တစ်ခုကျော်နေထိုင်ခဲ့ခြင်းယြ ဖြစ်ပြီးဤစကားဝှက်ကိုအခုချိန်ထိကြာ အောင်မှတ်မိနေသေးသည်။အကြောင်း ကတော့ထိုစကားဝှက်ကသူပုံမှန်အသုံး ပြုနေကြစကားဝှက်တစ်ချို့ဖြစ်တာ ကြောင့်အတန်ငယ်မှတ်မိနေခဲ့တာဖြစ်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now