အပိုင်း ၁၂

Start from the beginning
                                    

မတ်တပ်ရပ်ပြီးငိုရတာကို အားမရဘူးထင်ပါရဲ့ ဆောင့်ကြောင့်ပါထိုင်ချရင်း တဗြဲဗြဲအော်ငိုနေတဲ့ Jungkookကြောင့် Jiminဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားရသည်။

"ဘာ-ဘာလို့ငိုနေတာတုန်း"

"ကျွန်တော် လူပျိုမဟုတ်တော့ဘူး အီးဟီးဟီး"

ကြားလိုက်ရတဲ့စကားကြောင့် Jimin နေရာမှာပင် မူးမေ့ချင်သွားသည်။ တနေကုန်လုံးကောင်းနေခဲ့ပြီး အခုချိန်မှ ထဖောက်ရတယ်လို့။

ကလေးကလားနှင့် ထိုင်ငိုနေသောအကောင်ပေါက်အကြီးကြီးကြောင့် Jimin ခေါင်းခဲသွားရကာ မျက်ရိုးနေရာကို လက်နှင့်ဖိလိုက်သည်။

လတ်စသတ်တော့ စောနတုန်းကအဘိုးပြောချင်တာ ဒါကိုး။ လုပ်ချင်ရာလုပ်ပြီးမှ ထိုင်ငိုနေလို့ဖြစ်မလား။

"ငါ မင်းကိုအစောကြီးကတည်းကပြောသားပဲ ဆိုးလ်ကိုပြန်လွှတ်ပေးပါလို့"

"အဲ့ဒါနဲ့ဘာဆိုင်လဲ အီးဟီးဟီး"

"ဟ ဆိုင်တာပေါ့ မင်းပဲငါနဲ့လက်ထပ်မယ်ဆို"

Jimin ကိုယ်တိုင်ပင် စိတ်ရှုပ်သွားရတာမို့ ခြေဆောင့်လိုက်မိသည်။ ဘုရားရေ သူ ဘယ်တုန်းက ဒီလိုကလေးဆန်တဲ့ အပြုအမူတွေလုပ်နေမိတာပါလိမ့်။

ထိုအချိန်တွင် စကားပုံအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ တံငါနားနီး တံငါ ယောကျာ်းနားနီး ယောကျာ်း။

"အဲ့ဒါကအဲ့ဒါလေ ဒါကဒါပဲ"

တရွှတ်ရွှတ်နှင့် နှပ်တွေပါထွက်အောင် ငိုနေသည့်စာရေးဆရာပေါက်စကြောင့် Jimin လက်ဖျားခါရပါသည်။ တကယ်က ရုပ်ရှင်မင်းသား လုပ်စားရမှာ။ ဒီလောက် ငိုလွယ် ရယ်လွယ်တဲ့သူ ခုမှမြင်ဖူးတော့တယ်။

"ငို ငို အဲ့မှာ သေအောင်သာငို သေသွားတော့လည်း နောက်တစ်ယောက်ထပ်ရတယ်"

"အဘိုးရေ ဒီမှာ သားကိုသေခိုင်းနေတယ် အီး!"

မှားလိုက်လေခြင်း။ အသံပြဲကြီးနှင့်ထအော်နေသည့် မြေးပေါက်ရဲ့ပါးစပ်ကို Jimin ကမန်းကတန်းပိတ်လိုက်ရသည်။

"အရှက်မရှိဘူးလား ဘာလို့အော်နေတာလဲ"

ကိစ္စမရှိဘူး။ Jeon ကိုကိုလေး အရှက်မရှိတာကို စံအိမ်တစ်ခုလုံးသိတယ်။ သေချာမသိသေးတာက ယနေ့မှ ပူပူနွေးနွေးရထားသည့် ကျောင်းဆရာပင်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now