" ကျွန်တော် ပိုက်ဆံရမှထွက်သ......"
(သွား ဆိုတာတော့ ပြီးအောင်မရေးလိုက်ရပါလား KS ရယ် )

KS : " မသွားသေးဘူး မင်း..."

Baek: " ဟာ ဆွဲဟ ။ KS မလုပ်နဲ့ "

Chen : " KS တကယ်ခိုင်းမိသွားမယ်။ မလုပ်နဲ့ "

Lu : " KS ရေ မလုပ်နဲ့လေ။ ဟဲ့ ။ အကိုထွန်းကြည်လွတ်အောင်ပြေး။Baek Chen KS ကိုမိအောင်လိုက်ဖမ်း "

Lu ကတော့မိန်းကလေးမို့ယောင်္ကျားလေး ၃ ယောက်ကိုလိုက်မမှီ။ Baek နဲ့ Chen ကတော့ KS ကိုဖမ်းဖို့မာရသွန်အပြေးသမားတွေလို ​KS နောက်ကလိုက်ဖမ်းရပါတော့တယ်။ KS ကပုဆိန်ရိုးကြီးကိုဆွဲကာ ကိုထွန်းကြည်ကိုလိုက်ရိုက်နေတာ ရပ်ဖို့လမ်းမမြင်။Chen နဲ့ Baek ကလွဲရင်ဆွဲဖို့လူမရှိတာကြောင့် Chen နဲ့ Baek ခဗျာ မိအောင်မနည်းဖမ်းလိုက်တယ်။ ဒါတောင်အိမ်သွားပြီးရိုက်ဖို့လုပ်နေလို့မနည်းဆွဲခေါ်လာရတယ်။

Lu : " KS နင်လက်မပါလို့မရဘူးလားဟယ် "

chen : " မင်းကတော့ကွာလုပ်လိုက်ရင် စံပဲ ။ ဒီကိစ္စသာ မင်းရဲ့ဆရာသိသွားရင်တော့ ဟူး...."

Baek : " သိသွားရင်မလုပ်နဲ့သိတောင်သိနေလောက်ပြီ။ ဟိုက ပြေးသွားတာ ဆရာတို့ကျောင်းဘက်ကို ။ KS ရေ မင်းတော့..."

KS : " ငါအမှားမှမလုပ်ထားတာ သူဘက်ကမှားတာလေ။ ဂရုစိုက်စရာလား "

BCL : " ဟူး...... "

၃ယောက်သား သက်ပြင်းကိုယ်စီချရင်း KS ကိုသာအိမ်ပြန်ပို့ပေးခဲ့တော့သည် ။

xxxxxxxxxxxxxxxxxxxxxxx

Chen တို့သုံးယောက်ပြောခဲ့တဲ့အတိုင်းက ကိုထွန်းကြည်တစ်ယောက် Chan ရှိရာကျောင်းသို့ရောက်သွားတော့သည်။ နေ့လည်စာစားချိန်ဖြစ်နေသေးတာကြောင့် Chan တို့သူငယ်ချင်း၃ယောက်စကားပြောရင်းထိုင်နေတုန်း...

" တောက် "

တောက်ခတ်သံကြောင့် လှည့်ကြည့်ကြတော့ ...

Kai : " ကိုထွန်းကြည်မလား "

xuimin : " သူက ဘယ်သူလဲ "

Kai : " ရွာထဲက ဒီလိုပဲ ဟိုစပ်စပ်ဒီစပ်စပ်ပါတဲ့လူတစ်ယောက်ပါ။ ရပ်ရေးရွာရေးလဲ ကူညီတက်တယ်လေ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Wo Geschichten leben. Entdecke jetzt