FA:B [ 44 ] ( Final )

Comenzar desde el principio
                                    

နှုတ်ကသာ မုန်းတယ်မုန်းတယ်လို့ရေမငတ်စတမ်းပြော
နေပေမယ့်တကယ့်တကယ်တမ်းတွင်ဖုန်းcontactsထဲ
က ချန်းယောလ်အတွက် ရည်စူးပြီးနေရာပေးထားတဲ့
နံပါတ်တစ်နေရာလေးနဲ့ အခုအချိန်ထိ မပြောင်းရသေး
တဲ့ ကိုကိုဆိုတဲ့နာမ်စားလေးကအမုန်းမခေါ်သောသူ့ရဲ့
ဟန်ဆောင်မုန်းတီးနေတဲ့ အမုန်းတို့ကို လှောင်ရယ်ပြု
နေသဖွယ် ။

တတူတူနဲ့ နားအနားကပ်ထားသော ဖုန်းလေးဆီက
ကြားရသောတစ်ဖက်ဖုန်းထဲကို သူ့ဖုန်းဝင်သွားသော
အသံလေး ။

ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသော ချန်းယောလ်
အလုပ်စားပွဲပေါ်က သာယာတဲ့သီချင်းသံလေးတွေထ
မြည်နေသောချန်းယောလ်ရဲ့ ဖုန်းလေး ။

' ကိုကိုရဲ့ဟွန်းငယ် ' ဆိုတဲ့ ချန်းယောလ် ဖုန်းမျက်နှာ
ပြင်ထက်တွင်တွေ့လိုက်ရသောချန်းယောလ်ကိုယ်တိုင်
သူ့ကို မဲ့ပေးထားတဲ့နာမည်လေးကြောင့်ဘာရယ်မဟုတ်
ဘတ်ခ်ဟွန်းရဲ့ တည်ငြိမ်နေတဲ့နှလုံးသားရေမျက်နှာပြင်
လေးမှာ ရုတ်တရက်ဆိုသလို လှုပ်ခါသွားရပြန်သည် ။

ငယ်ငယ်ကတည်းကသာ ဘတ်ခ်ဟွန်း ချန်းယောလ်
အပေါ်ကိုထားခဲ့တဲ့စိတ်အရင်းအမှန်နဲ့နှလုံးသားခံစား
ချက် အစစ်အမှန်တွေကို ချန်းယောလ်သာ မြင်အောင်
ကြိုးစားပြီးကြည့်ပေးခဲ့မယ်ဆိုရင် အခုလောက်ထိ ချို
မြိန်ပြီးကြည်နူးဖွယ်ကောင်းသော အချစ် ခေါင်းစဉ်
အောက်လေးမှာနှစ်ယောက်အတူခိုလှုံဖို့အတွက်အချိန်
အတော်ကြာလမ်းပျောက်ဆုံးခဲ့မှာ မဟုတ်ပေ ။

တွေးတစစတွေးနေမိရင်း ရုတ်တရက်အနောက်နေ
ဘက်က ခြေသံသဲ့သဲ့လေးကြားရတာမို့ လှည့်ကြည့်
ဖို့လုပ်ပေမယ့် ခါးကိုသွယ်ဖက်လာတဲ့လက်လေးတွေ
နဲ့အတူ သူ့ပခုံးပေါ်သို့ မေးလေးတင်လိုက်တဲ့ကိုကို ။

" ဟားးးး အခုမှပဲ အမောပြေတော့တယ် "

ထွက်သက်လေနွေးနွေးလေး ။ ခပ်တိုးရှရှစကားသံ
ကြောင့် ဝဲဘက်ရင်အုံထဲကမကောင်းဆိုးဝါးလေးစ
တင်ပြီး သောင်းကျန်းစပြုလာပြန် ။

" ရုံးခန်းကိုပစ်ပြီး ဘယ်တွေလျှောက်သွားနေတာလဲ
အကယ်လို့အခုကျွန်တော့်နေရာမှာသာအစ်ကိုနဲ့ ပြိုင်
ဘက်ကုမ္ပဏီက စပိုင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
အစ်ကို ကုမ္ပဏီက ရွှေလိုတန်ဖိုးကြီးတဲ့ အချက်အ
လက်တွေကို ခိုးယူသွားမှာမကြောက်ဘူးလား ဟမ် "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Donde viven las historias. Descúbrelo ahora