FA:B [ 30 ]

6.3K 865 141
                                    

မနာကျင်စေချင်လို့လှပမှုတွေနှင့် ဖုံးကွယ်ထားခဲ့တဲ့
နာကျင်ခြင်း အမှန်တရားတွေ ။

တစ်နေ့ အဖြစ်အမှန်တွေ အားလုံးပေါ်ပေါက်သွားတဲ့
တစ်ချိန် ။

နှလုံးသားလေး အသက်ရှင်မယ်ထင်သလား ? ။

ဘတ်ခ်ဟွန်း ညဈေးတန်းကို ချန်းယောလ် ကျောပိုး၌
တွင်သာလိုက်ပါပြီး ပျော်ပျော်ကြီး လျှောက်လည်ခဲ့ရ
သည် ။

တစ်လမ်းလုံး ဘတ်ခ်ဟွန်းကို တစ်လှည့်စီကျောပိုးပေး
မယ်လို့ ပြောလာသော ဂျုံအင်နှင့် ဂျွန်တို့၏စကားတို့ကို
ချန်းယောလ် ဥပေက္ခာပြုကာ ဘတ်ခ်ဟွန်းကို သူပဲဒိုင်ခံ
ကျောပိုးခဲ့သည် ။

ချွေးတွေနင့်နေတဲ့ ချန်းယောလ်ကိုကြည့်ရတာ ဘတ်ခ်
ဟွန်းကိုကျောပိုးပြီး ညဈေးတန်းလျှောက်ရတာကို နည်း
နည်းလေးမှမပင်ပန်းတဲ့ပုံ ။

ညဈေးတန်းလျှောက်ရာတွင်လည်း ဘတ်ခ်ဟွန်းလိုချင်
တာ ဘတ်ခ်ဟွန်း စားချင်တာမှန်သမျှ သူ အကုန်ဖြည့်
ဆည်းပေးခဲ့သည် ။

ညဈေးတန်းလျှောက်ရင်း တစ်ချက်တစ်ချက် ကြားမိ
တာပဲလား ။ ကိုယ့်စိတ်အထင်နဲ့ပဲ ကြားယောင်မိတာ
ပဲလားတော့မသိ ။ ဘတ်ခ်ဟွန်းလက်ကောက်ဝတ်က
နာရီလေးမြည်လာတဲ့အသံလေးကြောင့်ချန်းယောလ်
တစ်ချက် တစ်ချက်လန့်လန့်သွားရသည် ။

ငယ်စဉ်ကတည်းက ဘာကိုမှကြောက်တတ်ခြင်းမရှိ
သည့်ချန်းယောလ်က  အခုတော့ ဘတ်ခ်ဟွန်း နာရီ
မြည်သံလေးကြားရမှာကို သိပ်ကြောက်နေတယ်တဲ့
လေ ။

ဘတ်ခ်ဟွန်းရဲ့အောက်ပိုင်းသည် အဆုံးသတ်ကြီး
သေသွားတာတော့ မဟုတ် ။ ဖြစ်လေ့ဖြစ်ထရှိသည့်
ခြေထောက်ကိုအဓိကထိခိုက်မိထားပြီး တခဏတာ
သေနေခြင်းသာဖြစ်သည် ။

လူနာရဲ့ စိတ်ဓာတ်အားထက်သန်မှုနှင့်အတူ ဆေးကုသ
မှုကိုခံယူမယ်ဆိုရင်တော့နဂိုအတိုင်းပြန်ကောင်းလာမယ့်
အခြေအနေကောင်းသည် ရာခိုင်နှုန်းအပြည့်ပင် ရှိသည် ။

ထို့ကြောင့် ချန်းယောလ်သည် ဘတ်ခ်ဟွန်း စိတ်အား
မငယ်သွားရအောင် အတက်နိုင်ဆုံး ဘတ်ခ်ဟွန်းစိတ်
လေးပျော်အောင်ဂရုတစိုက်ထားပေးလေသည် ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now