「BYUN BAEKHYUN」
" ယောက်ဖ မင်းသိပြီးပြီလား "
အဆုံးအစမရှိသော ဂျုံအင်စကားကြောင့် ကျွန်တော်
ပေါင်မုန့်လေးကိုက်စားရင်းဘာလဲဆိုသည့်သဘောဖြင့်
မျက်ခုံးလေးပင့်ပြလိုက်သည် ။" မင်ယောင်းကမင်းလိုပဲ ပထမနှစ် Queen တဲ့ "
ဂျုံအင်အပြောကြောင့် ဖြောင့်တန်းနေရာမှ တွန့်ကျိုး
သွားခဲ့ရသော ကျွန်တော့်ရဲ့မျက်ခုံးတစ်စုံ ။ဂျန်မင်ယောင်း ။ မမဂျန်ဒါယောင်း၏ ညီမတစ်ဝမ်းကွဲ ။
ငယ်ငယ်လေးကတည်းကကျွန်တော်အရမ်းမုန်းရပြီး ။
ကျွန်တော်နဲ့လုံးဝမတည့်တဲ့ အချိန်ရရင်ရသလို ကိုကို့
အနားကို တောက်တက်လို လိုက်လိုက်ကပ်တွယ်နေ
တတ်သည့်ကျွန်တော့်ထက်ဆိုးသော သူမ ။" အဲ့တော့ ငါကဘာလုပ်ရမှာလဲ ? "
ဆာနေတဲ့ ဗိုက်တောင်မဆာတော့ ။ စားနေတဲ့ ပေါင်မုန့်
တောင် ဘာအရသာမှမရှိတော့ ။ ချက်ချင်းဆိုသလိုပြည့်
သွားခဲ့တဲ့ရင် ။ဂျန်မင်ယောင်းဆိုတာ .. အခုလိုအစားအစာကို ခုံမင်တဲ့
ကျွန်တော့်ကိုတောင် အစားအသောက်ပျက်အောင် လုပ်
နိုင်တဲ့အဖျက်ပိုးတစ်မျိုးပင် ။" သူကငါတို့နဲ့တစ်တန်းအတူလာကျတာကွ မင်းမသိလို့
အခုနောက်ပိုင်း မင်ယောင်းကအရွယ်ရောက်လာလို့လား
မသိဘူး ပိုပိုချောလာတယ်ကွ အခုတောင်အနုပညာလော
ကထဲမှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ နာမည်တစ်ခုရနေ
ပြီကွ ဒါတောင် ဒီနေ့ကြော်ငြာရိုက်ကွင်းရှိလို့ကျောင်းကိုမ
လာလို့ မင်းနဲ့ငါ သူ့ကိုဒီအတန်းထဲမှာမတွေ့ရတာ "မင်ယောင်းအပေါ်သို့ စိတ်ဝင်စားခြင်း အနည်းငယ်ရှိသော
ဂျုံအင်ပြောပြနေသော သူမ၏အကြောင်းတို့မှာ ကျွန်တော့်
နားထဲသို့ဝယ် ယောင်လို့မျှ တစ်စုံတစ်ခုဝင်လာခြင်းမရှိခဲ့ ။