အချစ်ဆိုတာ ပေးဆပ်ခြင်းလား ? ။
ရယူခြင်းလား ? ။အချစ်ဆိုတဲ့ ရသကိုတကယ်ခံစားတတ်ပြီး
ချစ်တတ်ပြီဆိုရင် စကားလုံးတွေ မလိုပါဘူး ။ရင်တွင်းဖြစ်ပေါ်တဲ့ နှလုံးသားရဲ့ခံစားချက်
အစစ်အမှန်ကိုသိနိုင်ဖို့ပဲလိုတယ် ။" ကျေးဇူးတင်ပါတယ် ညီမလေးရယ် မမတို့
မိသားစုကို အခုလိုကူညီပေးလို့ မမ ညီမလေး
ကို ကျေးဇူးအရမ်းတင်ပါတယ် "" ရပါတယ် မမယွန်းရယ် ... မလိုပါဘူး ညီအစ်မ
အချင်းချင်းတွေပဲ ကျေးဇူးတင်စကားတွေပြော
နေဖို့မလိုပါဘူး "ဘတ်ခ်ဟွန်း၏မိခင် ဗြောင်မင်ရီရဲ့ လက်ကလေး
တစ်စုံကို ဆုပ်ကိုင်ပြီး ချန်းယောလ်၏မိခင်ဖြစ်သူ
ပတ်ယွန်းအာမှာကျေးဇူးတင်စကားတို့ကိုသာအ
ထပ်ထပ်ပြောနေရှာမိသည် ။အမှတ်မထင်အရှုံးပေါ်နေသော ကုမ္ပဏီ၏ ဘယ်သူ
မှမကူညီချင်သည့် ဒေဝါလီခံရမယ့် အရေးကိုရှယ်
ယာတွေ အများအပြားဝယ်ပေးပြီး ပြန်ကယ်တင်ပေး
သော ဘတ်ခ်ဟွန်း၏မိခင်ဗြောင်မင်ရီအား သူမပြော
မပြတတ်အောင်ပင် ကျေးဇူးတွေသာတင်နေမိသည် ။ခင်ပွန်းဖြစ်သူလေဖြန်းသွားပြီးတဲ့ အချိန်ကစပြီး
တစ်နေ့ တစ်နေ့ စိတ်ဖိစီးမှုတွေ များလာရသော
သူမမှာသားအကြီးဖြစ်သူချန်းယောလ်ကို ကုမ္ပဏီ
ကိုအပ်၍ ဦးစီးဦးဆောင်ပြုခိုင်းပြီးခင်ပွန်းဖြစ်သူ
နေအမြန်ပြန်ကောင်းလာအောင်အနားမှတစ်ဖဝါး
မှမခွာ ပြုစုပေးမိသည် ။မမျှော်လင့်ထားသောမထင်မှတ်ထားတဲ့ ကုမ္ပဏီ
အရှူံးပေါ်မှုကြောင့်ကံဆိုးမိုးမှောက်ကျလို့နှစ်အစ
ကတည်းက ကံဆိုးခြင်းများစွာကျရောက်လာသော
သူမတို့မိသားစုကြီး၏ အားကိုးစရာ ဘိုးဘွားမိဘ
ပိုင် ကုမ္ပဏီကြီးကို ဆုံးရှူံးရတော့မယ်လို့ သိလိုက်
ရတဲ့အချိန် ။ သူမ၏တင်းခံထားခဲ့သော စိတ်ဓာတ်
တို့မှာအကြီးအကျယ်ကျဆင်းသွားခဲ့ရသည် ။သို့သော်လည်း တစ်ဖက်သားကို စာနာတတ်သော
စိတ်ထားတို့ဖြင့် ကူညီပေးသော ဟူးဟူးလေးရဲ့
မိခင်ဗြောင်မင်ရီအားသူမ စိတ်ထဲကြိတ်လေးစား
မိသည် ။
YOU ARE READING
|| FLY AWAY : BEAUTIFUL ||《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]