FA:B [ 17 ]

5.3K 868 134
                                    

「BYUN BAEKHYUN」

စူးစမ်းမိတဲ့ အချစ်​ ။ နာကျင်​ခြင်း​အဖြစ်​ နိဂုံးချုပ်​ ။
ထုတ်​လွှတ်​ မျက်​ရည်​ ။ နှလုံးသားကြေကွဲသံအား
အ​ဖော်​ပြု​စေသား ။

တစ်​ပတ်​ရှိပြီ ။ ကျွန်​​တော်​ ကိုကို့ကိုရှောင်​​နေမိတာ ။
အပြစ်​လုပ်​ထားတဲ့အပြစ်​သားတစ်​​ယောက်​မဟုတ်​​​ပေ
မယ့်​ ။ လူသားထဲကလူသားတစ်​​ယောက်​မို့ နှလုံးသား
နာကျင်​ရမှာကို​တော့ ​ကျွန်​​တော်ကြောက်​ရွံ့မိသည်​ ။

သူမနှင့်​ကိုကို ချစ်​သူဖြစ်​သွားခဲ့​ပေမယ့်​ ။ ကျွန်​​တော့်
ကမ္ဘာကြီးက​တော့အရင်​လိုပါပဲ ။ ဘာမှ​ထွေ​ထွေထူးထူး
ပြောင်းလဲသွားခြင်းမရှိ​ခဲ့ဘူး ။

မနက်​မိုးလင်းရင်​ ​ကျောင်းသွားမယ်​ ။ ​ကျောင်းလွှတ်​ရင်
ဂျုံအင်အကသွား​လေ့ကျင့်​တာကိုအ​ဖော်​လိုက်​သွားမယ်​ ။
အက​လေ့ကျင့်​လို့ပြီးရင်​အိမ်ပြန်အလမ်းက ​​​ည​ဈေးတန်း
ကိုနှစ်​​ယောက် ဝင်​ပြီး​ဗိုက်​ဖြည့်​မယ်​ ။ အိမ်​ပြန်​​ရောက်​ရင်
စာကြည့်​မယ်​ ။ ပြီးရင်​ အိပ်​ရာဝင်​ ​။ ဒီ​လောက်​ပါပဲ ။

တစ်​ခု​တော့ရှိတယ် ​။ ရင်​ဘတ်​ထဲက နှလုံးသား
တစ်​​နေရာ လစ်​ဟ​နေတာ​လေးပဲကွာဟမှုရှိသွား
တာ​လေး​ပါ​ပဲ​ ။

ဒါ​ပေမယ့်​လည်း ကျွန်​​တော်​​ အဆင်​​ပြေပါတယ်​ ။
ကိုကိုနှင့်​သူမကိုအတူတွဲပြီးမမြင်​ရခင်​အချိန်​ထိ​ပေါ့ ။

" ဟူးဟူး​လေး .. ဘာဖြစ်​လို့လဲ ခံတွင်းမ​တွေ့လို့လား "

ပန်းကန်​လုံးထဲမှ ထမင်းကိုသာတူဖြင့်​ထိုးဆွရင်း တွေ
နေမိတဲ့ကျွန်​​တော့်​မျက်​နှာကိုသေချာစိုက်​ကြည့်​ပြီး​မေး
လာ​သော တီ​လေးအား​​ခေါင်းခါရမ်ြး​ပီးပြန်ြ​ပုံးပြရင်း ..

" မဟုတ်​ပါဘူး တီ​လေး "

" ဒါဆိုလည်း များများစား​လေ ဟူးဟူး​လေးရဲ့ အခု
တ​လောဟူးဟူး​လေးကိုတီ​လေးကြည့်​ရတာပိန်​သွား
သလိုပဲ မျက်​နှာ​လေး​​တောင်​​ အ​တော်ေ​ချာင်​ကျသွား
လို့ ဘာဖြစ်​လို့လဲ ​ဟူးဟူး​လေး ​နေများမ​ကောင်းလို့
လား ​ နေမ​ကောင်းလို့လားဆိုလို့ ဒီရက်​ပိုင်းအတွင်း
နှလုံးခုန်နှုန်းစမ်းစက်မြည်​သံ​လည်း တီ​လေး မကြား
မိပါလား "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Où les histoires vivent. Découvrez maintenant