ရီဟွား အခန်းအား ဝေ့ဝဲကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာ မေးလိုက်၏။
"ငါ ဘယ်ရောက်နေတာလဲ...ဒါ ဘယ်နေရာလဲ"
ကောင်လေးသည် သူကဲ့သို့ အခန်းအား ဝေ့ဝဲကြည့်လိုက်သည်။
"သခင်လေး ဒါ သခင်လေးရဲ့ အခန်းလေ"
"ဒါ ငါ့အခန်းမှ မဟုတ်တာ...ဒါနဲ့ မင်းကဘာလို့ ငါ့ကို သခင်လေးလို့ ခေါ်နေတာလဲ...မင်းနဲ့ငါ သိလဲ မသိဘဲနဲ့...မင်းက ဘယ်သူလဲ"
ကောင်လေးသည် သူ့အား ပြူးကြောင်ကြည့်ကာ မေးလာ၏။
"သခင်လေး ကျွန်တော့်ကို မမှတ်မိဘူးလား"
"မင်းကို ငါ မသိပါဘူးဆို"
သူ၏ အဖြေကြောင့် ကောင်လေးသည် အော်ကြီးဟစ်ကျယ် ထငိုလေတော့သည်။
"အီးဟီးဟီး...ကျွန်တော့်ရဲ့သခင်လေးက ကျွန်တော့်ကို မမှတ်မိတော့ဘူး...အီးဟီး...ဒီချစ်စရာကောင်းတဲ့ ယွီလေးကို မမှတ်မိတော့ဘူး"
အာပြဲသံကြီးနှင့် ထငိုသော ကောင်လေးကြောင့် ရီဟွားခေါင်းကိုက်လာရသည်။
"နေပါဦးဟ...မငိုပါနဲ့ဦး...ဒီကြောင်တောင်တောင် အခြေအနေကြီးကို ရောက်နေတဲ့ ငါ ငိုဖို့လည်း ချန်ပါဦး"
အငိုမတိတ်သော ကောင်လေးကိုကြည့်ပြီး သူပါ ငိုချင်လာသည်။
'နှစ်ယောက် ပြိုင်ငိုလိုက်လို့ကတော့ တော်တော်လေးကို ကြည့်လို့ လှသွားမှာ'
ရီဟွား ငိုမည့်အတွေးကို စွန့်လွှတ်လိုက်ပြီး သူ စကားပြောလို့ရသည့် တစ်ယောက်တည်းသော သူ့ရှေ့မှငိုနေသည့်ကောင်လေးအား ဆက်မေးလိုက်သည်။
"မင်း နာမည်က ယွီလေး(ရှောင်ယွီ)လား"
"ဟုတ်ပါတယ် သခင်လေး"
YOU ARE READING
ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)
Historical FictionZawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြမ္မာသည် ဆန်းကြယ်လွန်းလှသည်။ ရာဇဝင်ထဲ အချိန်ခရီးသွားပြီးနောက် သူ၏နှလုံးသားတစ်ခုလုံးနှင့်ရင်း၍ ချစ်ရသူအား ရှာဖွေတွေ့ရှိခဲ့သည်။ Unicode "ကိုယ့္...
အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
Start from the beginning