အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း

Start from the beginning
                                    

ရီဟွား စာအုပ်​တန်​ဖိုး​ ပေး​ချေလိုက်​ပြီး စာအုပ်​ဆိုင်​ထဲမှ ထွက်​လာလိုက်​သည်​။

လမ်းကူးရန်​ ကားအရှင်းကို ရပ်​​စောင့်နေစဉ်​ လှိမ့်သွားသော ​ဘောလုံး​လေး​နောက်​ လိုက်​​နေ​သော က​လေးငယ်​ တစ်​​ယောက်​ကို မြင်​လိုက်​ရသည်​။ ထို့​နောက်​ က​လေးငယ်​ဆီသို့ဦးတည်​​မောင်းနှင်​လာ​သော ကားတစ်​စီး။

ရီဟွား က​လေးဆီသို့ အမြန်​​ပြေးကာ က​လေးအား တွန်းထုတ်​လိုက်​​၏။ က​လေးငယ် ကား၏ဦးတည်​ရာနှင့် လွတ်​သွားစဉ်​ သူ၏ကိုယ်​သည်​ ​လေ​ပေါ်သို့​မြောက်​တက်​သွားသည်​။ ကားဘရိတ်​အုပ်သံနှင့် လူများ၏ ​အော်​ဟစ်​သံတို့ ​ဆူညံသွားကြ၏။

ထို့နောက် ရီဟွား၏ အမြင်​အာရုံတို့ ​ဝေဝါးလာကာ ​နောက်​ဆုံးတွင်​ ​မှောင်​အတိကျသွား​လေတော့သည်​။

ရှုပ်​ယှက်​ခတ်​​သွား​သော အ​ခြေအ​နေတွင်​ ​မြေ​ပြင်​​ပေါ်သို့ ကျ​ရောက်​​နေသည့်စာအုပ်​​လေးတစ်​အုပ်​သည်​ ​ရွှေ​ရောင်​အလင်းများ တခဏမျှလင်းသွားသည်​ကိုတော့ မည်​သူမျှသတိမထားမိလိုက်​ကြ​ပေ။

**********************

​လေးလံ​နေ​သော မျက်​ခွံတို့အား ကြိုးစားဖွင့်လိုက်​ချိန်​ မြင်​လိုက်​ရသည်​က မျက်​နှာကြက်​အဖြူ​ရောင်​များ။

ဘေးဘီအား ​ဝေ့ဝဲကြည့်လိုက်​စဉ်​ မြင်​လိုက်​ရ​သော ​ရှေးကျသည့်အခန်းတွင်းပြင်​ဆင်​မှု​ကြောင့် အံ့အားသင့်သွားရသည်​။ သူ၏ ကုတင်​​ဘေးတွင်​ အိပ်​​ပျော်​​နေသည့် ​ရှေး​ခေတ်​အဝတ်​အစားများ ဝတ်​ဆင်​ထား​သော ​ကောင်​ငယ်​​လေးတစ်ယောက်အား သူ လှုပ်​နိုးလိုက်​၏။

"​ဟေ့...​ဟေ့...ထဦး"

နိုးလာ​သော​ကောင်​​လေးသည်​ သူ့အား တခဏမျှ​ကြောင်​ကြည့်ပြီး​နောက်​ ဝမ်းသာအားရ ထ​အော်​​တော့သည်​။

"သခင်​​လေး...သတိရလာပြီ...ကျွန်​​တော်​ အရမ်းစိတ်​ပူလိုက်​ရတာ...သတိရလာလို့ ​တော်​​သေးတယ်​"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now