"အလင်းရောင် ဂေဟာ"
ဆိုင်းဘုတ်ကို ကြည့်ပြီး Hongjoong ဘေးဘီကြည့်လိုက်သည်။ သူနောက်ဆုံးတစ်ခါ လာခဲ့သည်နှင့် ကွဲပြားစွာ တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်။ ထို့နောက် သူ့အပေါင်းအပါ မိတ်ဆွေ ၇ ယောက်ကို ဦးဆောင်ရင်း ဂေဟာထဲသို့ ဝင်လာခဲ့သည်။
"ဆရာမ Shal"
"သြော် Hongjoong ... လာလေ သား... သူငယ်ချင်းတွေလည်း ပါလာတာကို ... ထိုင်ကြလေ"
"ဂေဟာက တိတ်ဆိတ်နေသလိုပဲနော် ဆရာမ Shal"
"အေးကွယ် နှစ်လလောက် ရှိပြီ ဒီလိုဖြစ်နေတာ ..."
"အမေတို့ လစဥ်ထောက်ပံ့ကြေး ပေးတယ်မလား ဆရာမ Shal ... ဒါနဲ့ ကလေးတွေလည်း မတွေ့ပါလား"
"Mrs. Kim ဆီက ထောက်ပံ့ကြေး အမြဲရပါတယ် သားရယ် ... ကလေးတွေက သူတို့အခန်းထဲမှာပဲ နေတော့တယ် ... လွန်ခဲ့တဲ့နှစ်လက ကလေး သုံးယောက် ပျောက်သွားတယ်လေ ... အဲ့ဒါ ဘယ်လိုမှကို ပြန်ရှာလို့ မရပါဘူး ... သက်ဆိုင်ရာတွေကို အကူအညီတောင်းတော့လည်း အလကားပဲ ... ဆိုင်ရာဆိုင်ရာတွေဆီ အကူအညီတောင်းတော့လည်း အကြောင်းမကြားရ ဘာမကြားရနဲ့ဆိုတော့ ... ဆရာမတို့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ... ပြန်တွေ့နိုး ပြန်တွေ့နိုးနဲ့ စောင့်နေတာ... အခုထိပါပဲကွယ်... အဲ့ကတည်းက ကလေးတွေကို အပြင်ပေးမထွက်စေဘဲ ... အခန်းထဲမှာပဲ ထားလိုက်တော့တာ"
"သြော်... ဟုတ်"
Hongjoong နဲ့ ဆရာမ Shal ဆိုသူ နှစ်ဦး ပြောနေပုံကို ကြည့်ပြီး Wooyoung သူလာခဲ့တုန်းကနဲ့ ကွာခြားနေတဲ့ အခြေအနေကို စဥ်းစားနေမိသည်။ သူလာတဲ့ အခေါက်တုန်းက ဒီဆရာမ မဟုတ်။ တခြား ဆရာမ တစ်ဦး။ ဂေဟာက အဲ့တုန်းကလည်း အခုလိုပဲ တိတ်ဆိတ်နေခဲ့သည်။ နေ့လယ်နေ့ခင်းဖြစ်နေလို့ ကလေးတွေ အိပ်နေတာပါလို့ပဲ သူ့မေးခွန်းကို ထိုဆရာမက ဖြေပေးခဲ့သည်။ တခြားဘာမှ ရှင်းမပြသလို ထပ်မပြော။ ကြည့်ရတာ အပြင်လူမို့လို့ မပြောပြတာလား မသိ။
"ဒီ ဂေဟာမှာ အုပ်ချုပ်တဲ့ ဆရာမ ဘယ်နှယောက်ရှိလဲဗျ"
သိချင်စိတ် ပြင်းပြလာ၍ Wooyoung မေးလိုက်သည်။
ВИ ЧИТАЄТЕ
Everything I do, I do it For You (Unicode Only)
Романтикаမတူညီတဲ့ မျဥ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံစည်းနိုင်ဘူးဆိုတဲ့ သီအိုရီကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ သီအိုရီ မှားယွင်းကြောင်း သက်သေပြမယ်ဆိုရင်... အစဥ်အလာတွေကို ချိုးဖျက်ပြီး လျှောက်တဲ့လမ်းက အမြဲခယောင်းလမ်းပဲ ဒါပေမယ့် မြတ်နိုးရသူနဲ့သာ အ...