အချုပ်ခန်းထဲတွင် ...
ညရောက်နေပြီ ဖြစ်တဲ့အတွက် စခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ Mr. Choi တစ်ယောက် သူ့ပတ်ဝန်းကျင်ကို စူးစမ်းရင်း တစ်ယောက်တည်း အတွေးထဲမှာ စကားတွေ ပြောနေမိသည်။
'မင်းရောက်နေတဲ့နေရာက အေးချမ်းလား ... ဟင် ... ကိုယ်မင်းဆီ လိုက်လာမယ်ဆို ကိုယ့်ကို ခွင့်ပြုမှာလား ... ကိုယ်မင်းနဲ့တွေ့ပြီး တောင်းပန်ချင်သေးတယ် ... ကိုယ့်သားတွေကိုတော့ တောင်းပန်ပြီးသွားပြီ ... ကိုယ်ချစ်ရတဲ့ မင်းကိုတော့ မတောင်းပန်လိုက်ရဘဲ ထွက်သွားခွင့်ပေးခဲ့လိုက်ရတယ် ... ကိုယ်တောင်းပန်ပြီးသွားရင် ကိုယ်မင်းနဲ့အတူ အရင်ကလို ပြန်နေချင်တယ် ... ကိုယ်တို့ကြည်နူးခဲ့ရတဲ့ အချိန်တွေလိုပေါ့...'
သူပြောရင်း လက်ထဲက ပုလင်းလေးကို ဖွင့်ပြီး သောက်လိုက်သည်။ သောက်ပြီးသွား၍ ပုလင်းကို ချလိုက်သည့်အခါ သူ့ကို ပြုံးပြကာ ကြည့်နေသော သူ့ဇနီးလေးကို တွေ့လိုက်ရသည်။ သူ့ဇနီးရှိရာကို ပြုံးကာ တစ်လှမ်းချင်းသွားရင်း မျက်လုံးအစုံမှိတ်ကာ လဲကျသွားခဲ့သည်။ နှလုံးမခုန်တော့၊ အသက်လည်း မရှူတော့၊ သူ့ဘဝကြီး ရပ်တန့်သွားခဲ့ပြီ ... သို့သော် သူ့နှုတ်ခမ်းထက်က အပြုံးကတော့ သူ့လုပ်ရပ်အတွက် ဘယ်လောက် ပျော်ရွှင်နေကြောင်း သက်သေပြနေသည်။
_________________________________________ကိစ္စရပ်များ ဖြစ်ပြီး နှစ်လခန့်အကြာ ...
Yunho ၊ San ၊ Mingi တို့က Utopia Enterprise ကိုပဲ ဆက်လက် ဦးစီးသည်။ Hongjoong က Cyber Company တစ်ခုမှာ အလုပ်လုပ်နေသည်။ Seonghwa ကတော့ သူ့ကုမ္ပဏီကို Yunho တို့နှင့် ပူးပေါင်းထားရာမှ Utopia Enterprise ရဲ့ လက်အောက်အဖြစ် အဖွဲ့ဝင်လိုက်သည်။ Jongho ကတော့ commander ရဲအရာရှိအဖြစ် ရာထူးတိုးသွားပြီး Yeosang နဲ့ Wooyoung လည်း Captain အဖြစ် ရာထူးတိုးသွားကြသည်။ သူတို့ရှစ်ယောက်လုံး Yunho ရဲ့အိမ်တော်မှာပင် အတူတူနေကြသည်။ အတွဲကိုယ်စီကတော့ အဆင်ပြေလိုက် ရန်ဖြစ်လိုက်နဲ့ပေါ့။ ရန်အဖြစ်ဆုံးအတွဲကို ပြောပါဆိုရင် Jongho နဲ့ Mingi ရယ် ၊ San နဲ့ Wooyoung ရယ်ပင်။ Jongho နဲ့ Mingi က အထက်အောက်ကိစ္စနဲ့ စကားခဏခဏ များသော်လည်း အမြဲအနိုင်ရသူမှာ Jongho ပင်။ San နဲ့ Wooyoung ကတော့ ဘာအကြောင်းမှ မရှိလည်း အထအနကောက်ပြီး တကျက်ကျက် စကားများကြသည်။ ပြီးရင် စက္ကန့်ပိုင်းအတွင်းပင် ကမ္ဘာ့အချစ်ဆုံး အတွဲ ပြန်ပြန်ဖြစ်သွားတတ်၍ အစက သူတို့နှစ်ယောက် စကားများရင် တခြားသူတွေ ဝင်ပါတတ်ပေမယ့်လည်း နောက်ကျတော့ လွှတ်ထားလိုက်ကြတော့သည်။ Yeosang နဲ့ Seonghwa ကတော့ အေးအေးချမ်းချမ်းပင်။ Yeosang က စခန်းမှာ အတည်ပေါက်ကြီးနဲ့ ရေခဲတုံး လုပ်သလောက် Seonghwa နဲ့တွေ့ရင် ကြောင်လေးကဲ့သို့ပင် ... တကယ့်အချွဲလေး။ Yunho နဲ့ Hongjoong ကတော့ အင်း ... ဘယ်လိုပြောရမလဲ တစ်လောကလုံးက ဖိန့်ဖန့်တုန်အောင် ကြောက်ရသော်လည်း Hongjoong နှင့်ပတ်သက်လာပါက Hong လေး သဘောဟုဆိုကာ အမြဲလိုက်လျောပေးတတ်ပြီး အချစ်ကြီးပြနေသော Yunho ကြောင့် Hongjoong နဲ့ Yunho မှာ စကားများရသည်မရှိ။ စကားများချင်လို့ Hongjoong က တမင်ဥာဏ်ဆင်ရင်တောင် သူ့ကိုချော့မော့ပြီး အလိုလိုက်တတ်သည့်အတွက် Hongjoong တစ်ယောက် တစ်နေ့တစ်ခြား အချစ်တွေ ပိုပိုတိုးလာရသည်။
BINABASA MO ANG
Everything I do, I do it For You (Unicode Only)
Romanceမတူညီတဲ့ မျဥ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံစည်းနိုင်ဘူးဆိုတဲ့ သီအိုရီကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ သီအိုရီ မှားယွင်းကြောင်း သက်သေပြမယ်ဆိုရင်... အစဥ်အလာတွေကို ချိုးဖျက်ပြီး လျှောက်တဲ့လမ်းက အမြဲခယောင်းလမ်းပဲ ဒါပေမယ့် မြတ်နိုးရသူနဲ့သာ အ...