အခန်း ၃၄

53 15 0
                                    

"Mr. Choi ... Mrs. Kim က ​တွေ့ခွင့်​တောင်း​နေပါတယ်"

"ဝင်ခိုင်းလိုက်"

"ဟုတ်ကဲ့"

"ဘာကိစ္စရှိလို့လဲ ... Mrs. Kim"

"ကိစ္စကို ရှင်အသိဆုံး ဖြစ်မှာ​ပေါ့"

"ဟင်း... ဘာလဲ Kevin ကိစ္စလား"

"ရှင်ဘယ်လိုစဥ်းစားထားလဲ"

"မပူပါနဲ့ ... ​သေဒဏ်​တော့ အ​ပေးမခံရပါဘူး"
_________________________________________

Wooyoung နဲ့ Yeosang တို့ Erika ရဲ့အိမ်ကို ​ရောက်သွားသည်။ ခြံဝင်းထဲမှာ ကားကို ​တွေ့လိုက်ရတဲ့အတွက် Erika အပြင်မသွား​ဘဲ အိမ်မှာပဲရှိကြောင်း သိရသည်။ တံခါး​ခေါက်ကြည့်​တော့ တုံ့ပြန်လာမှု မရှိ။ နှစ်ခါ သုံးခါ ​ခေါက်ကြည့်​တော့လည်း မထူးလာ။ ဒါနဲ့ တံခါးကို ဖျက်ပြီး Wooyoung နဲ့ Yeosang အိမ်ထဲကို ဝင်လိုက်ကြသည်။ ဧည့်ခန်းထဲတွင် ဘယ်သူမှမရှိ။ မီးဖို​ချောင်ထဲတွင်လည်း ​ပြောင်ရှင်း​နေသည်။ ကိုယ်နဲ့မကွာ အမြဲသယ်​ထားသော သေနတ်များကို ​မောင်းတင်လိုက်ရင်း နှစ်​ယောက်လုံး အိပ်ခန်းကို ချဥ်းကပ်လာကြသည်။ တံခါးကို ဖွင့်လိုက်​တော့ ခုတင်​ခြေရင်းမှာ လဲကျ​နေ​သော Erika ။ Wooyoung ​ပြေးသွားလိုက်ပြီး နှလုံးခုန်နှုန်းကို စမ်းကြည့်လိုက်သည်။ ​တော်​သေး၏ ... နှလုံးခုန်​နေ​သေးသည်။ Erika ကို Wooyoung သယ်လိုက်ပြီး Yeosang က မှန်တင်ခုံ​ပေါ်က တစ်ခုခုကို ယူလိုက်ကာ အိမ်ထဲမှ ထွက်လာပြီး ​ဆေးရုံကို ​မောင်းလာခဲ့ကြသည်။ ​

ဆေးရုံ​ရောက်​တော့ ...

"အ​ရေး​ပေါ် လူနာပါတယ် ... ဆရာဝန် မြန်မြန်သွား​ခေါ်"

Wooyoung က ရဲတံဆိပ်ထုတ်ပြလိုက်ပြီး ဆရာဝန် ပင့်ခိုင်းလိုက်သည်။ ဆရာဝန်​ရောက်လာ​တော့

"ဘာဖြစ်တာလဲ"

"​သေ​ကြောင်းကြံတာ အိပ်​ဆေး​သောက်ပြီး​တော့"

ဟူ၍ ဆရာဝန်၏ အ​မေးကို Yeosang က ခုနက ယူလာ​သော ​ဆေးပုလင်းထုတ်ပြပြီး ​ဖြေလိုက်သည်။

"Operation ဝင်ရမယ် ... အဆင်သင့်ပြင်ထားပါ"

ဟု ဆရာဝန်က ​ဘေးနားက ဆရာဝန်မ​လေးကို ​ပြောရင်း ခွဲခန်းထဲ ဝင်သွားသည်။ အချိန်အ​တော်ကြာ​တော့ ဆရာဝန်ပြန်ထွက်လာပြီး

Everything I do, I do it For You (Unicode Only)Where stories live. Discover now