Jongho စခန်းပြန်ရောက်သည်နှင့် ကြားလိုက်ရသည့်သတင်းက ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုပင်။ Kevin လွတ်သွားပြီတဲ့...။ Yeosang နဲ့ Wooyoung လည်း အဲ့ဒီသတင်းကို ကြားတာနဲ့ တာဝန်ကျရာ နေရာတွေကနေ စခန်းကို အသီးသီး ပြန်လာခဲ့ကြသည်။ ထို့နောက် သူတို့သုံးယောက်လုံး ဆုံကာ မျက်လုံးချင်း စကားပြောလိုက်ကြပြီး Kevin ရှိနိုင်မည်ဟု ထင်ရလောက်သော နေရာကို သူတို့ထွက်လာခဲ့ကြသည်။ သူတို့ဦးတည်ရာက Erika တက်နေသော ဆေးရုံပင်...။
ဆေးရုံကိုရောက်တော့ Erika ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သူနာပြုဆရာမလေး ပြောလို့ သိလိုက်ရသည်။ ဘယ်သူနဲ့ ထွက်သွားတာ မြင်လဲဆိုတော့ မန်နေဂျာဆိုသူနဲ့ ထွက်သွားသည်ဟု အဖြေပြန်ရသည်။ Wooyoung ချက်ချင်းပင် မန်နေဂျာကို ဖုန်းဆက်လိုက်တော့ မနေ့ကပင် အလုပ်က ထွက်ခဲ့ပြီဖြစ်ကြောင်း၊ Erika နဲ့ သူနဲ့ ဘာမှမသက်ဆိုင်တော့ကြောင်း ထိုမန်နေဂျာက ပြောပြီး ဖုန်းချသွားသည်။ သေချာသည် Kevin ရဲ့လက်ချက်ပင်။ သူတို့သုံးယောက်လည်း သက်ပြင်းချကာ Erika ရဲ့ အိမ်မှာများလားဟု တွေးမိသည်နှင့် Erika ၏ အိမ်သို့ ထွက်လာခဲ့ကြသည်။Erika ၏ အိမ်တွင် ...
တစ်အိမ်လုံးကို ပိုက်စိတ်တိုက်ရှာသော်လည်း Erika နဲ့ Kevin ရဲ့ အရိပ်အယောင်ကိုပင် မမြင်ရ။ အချိန်အတန်ကြာအောင် ရှာပြီးသည့်အခါ Yeosang က
"Kevin ရဲ့ အိမ်မှာများလား"
ဟု ဆိုလာသည်။ ထိုအခါ Wooyoung က
"Kevin ရဲ့ အိမ်ဆိုရှာရခက်မယ်ထင်တယ်... သူ့အိမ်ကို ဘယ်သူမှ မသိကြဘူး"
ဟု ပြောလာသည့်အခါ Jongho တစ်ခုခုကို တွေးမိသွားဟန်နှင့် ဖုန်းထုတ်လိုက်သည်။ သူ့အိမ်ကို Hongjoong ရောက်လာခဲ့တုန်းက Hongjoong က Mr. Kim တို့ရဲ့ သားအရင်း မဟုတ်ကြောင်း၊ Mr. Choi ရဲ့ သားအရင်းဖြစ်ကြောင်း၊ Mr. Choi ကို ဖမ်းနိုင်မယ့် သက်သေ စာအုပ်ကို ပေးပြီး Kevin က Mr. Kim တို့ရဲ့ သားအရင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ ဒါ့အပြင် Hongjoong က cyber ကွန်ရက်ကို သူကြိုက်သလို ကစားနိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ သူ ဖုန်းကို ထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်ကာ ဖုန်းခေါ်လိုက်သည်။
ESTÁS LEYENDO
Everything I do, I do it For You (Unicode Only)
Romanceမတူညီတဲ့ မျဥ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံစည်းနိုင်ဘူးဆိုတဲ့ သီအိုရီကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ သီအိုရီ မှားယွင်းကြောင်း သက်သေပြမယ်ဆိုရင်... အစဥ်အလာတွေကို ချိုးဖျက်ပြီး လျှောက်တဲ့လမ်းက အမြဲခယောင်းလမ်းပဲ ဒါပေမယ့် မြတ်နိုးရသူနဲ့သာ အ...