Kai : " သားကြီးရေ ကျောင်းနောက်ကျတယ်ဆို 😂😂 "

Chan : " အေးဆေးနေစမ်းပါ ဂျုံမဲရာ။ ခါးနာနေရတဲ့အထဲ "

Kai&Xui : " 😳😳😳 "

Xui : " မင်းရဲ့ပေါက်စက ဘာလုပ်လိုက်လို့လဲ "

Kai : " မင်းတို့ကြမ်းခင်း ခင်း......"

Chan : " တော်စမ်း ပေါက်တက်ကရတွေပြောတော့မယ်။ မနေ့က ကုတင်ပေါ်က ပြုတ်ကျတုန်းက ဒဏ်ရာရသွားတာ။ မင်းတို့ကောင်တွေ အဲ့မှာပေါက်ကရပဲ တွေးနေလိုက်။ "

Kai&Xui :" 😂😂😂 "

Kai : " မင်းက ရှင်းရှင်းမှမပြောတာ "

Chan : " အဲ့တော့ငါက ယံယံ ပြောရမှာလား "

Kai : " အေး ပြုတ်တိုက်လေ "

Xuimin : " ငါလည်းသောက်မယ်လေ "

Chan : " ဝယ်သောက်ပေါ့ကိုယ့်ဘာသာ "(ဟဲ့ ဟဲ့ စကားကဘယ်တွေရောက်ကုန်တာလဲ )

Kai : " yoda စကားအကောင်းပြောနေရင်ဖောက်ဖောက်မလာနဲ့ "

Chan : " မုန့်ထုတ်လား "

Kai : " အေး "

Chan : " မုန့်မှမရှိတာ "

Kai : " ဟာ မင်းကွာ ။ "

Xui : " 😂😂 တော်ကြတော့ မင်းတို့ကောင်တွေ။ ငါတို့ကျောင်းမှာနော် ။ ကလေးတွေရှိတာ သတိထားကြအုံး "

2 ယောက်သား အဲ့တော့မှ ဘာမှမပြောဘဲ တိတ်သွားတော့သည်။ ကလေးတွေရှေ့ ကျောင်းဆရာသိက္ခာတော့ထိန်းသင့်သည်လေ။ Xuimin က Chan Kai Sehun နဲ့ အထက်တန်းတုန်းက ကျောင်းနေဘက်သူငယ်ချင်းပါ။ (Sehunလေးပါလာပြီနော် အချေလေးလည်းလာတော့မယ်) Kai နဲ့ Chan က 9တန်း10တန်းကို မြို့သွားပြီးကျောင်းတက်ခဲ့ကြတာလေ။ Xuiminနဲ့Sehun က မြို့သားပါ။ Xuimin က မြို့ကနေအခုမှကျောင်းပြောင်းလာခြင်း။ Sehun ကတော့ ဆရာဝန်ဖြစ်ပြီး မြို့နယ်ဆေးရုံးမှာတာဝန်ကျနေသည်။ ကျောင်းတုန်းကတည်းကအခုချိန်ထိပြောမနာဆိုမနာဖြစ်နေကြတုန်းအပြင်ကို အခုလိုလည်းကလေးဆန်ပါသေးသည်။ ကျောင်းတုန်းကဆို Chan နဲ့ sehun ရဲ့ချေမှုကတော့နာမည်ကြီးပင်။ သူတို့အဖွဲ့ကချောသလောက်လည်းချေသည်။ သူတို့ဘယ်လောက်ချေချေ ကောင်မလေးတွေသည်းသည်းလှုပ်ကြတာအခုချိန်ထိ။ အခုလည်း Xuimin နဲ့ Kai ရွာရောက်တာ 1 ရက်ပဲရှိသေးသည်။ ရွာထဲကအပျိုတွေ ကုန်ပြီလားတောင်မသိ။ အရင်လို Chan က လူပျိုမဟုတ်တော့တာတောင်ကြိုက်ကြတုန်း ။ သူတို့ 3 ယောက်ကတော့ အခုချိန်မှာ ရွာ10ရွာလုံးမှာနာမည်ကြီးနေသည့်အပြင် Chan ရဲ့ကုတင်ကျိုးကျမှုပြသာနာကလည်း တစ်ရွာလုံးမသိသူမရှိသလောက်။ ဘယ်လိုပဲ သတင်းထွက်ထွက် သေချာတာကတော့ သူတို့ 3 ယောက်လုံးနာမည်ကြီးနေကြပြီလေ။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now