အခန်း (၁၂)/အခနျး (၁၂)

Start from the beginning
                                    

သူမဘာဖြစ်နေမှန်း သူမကိုယ် သူမ မသိသေခင်မှာပင် မကြုံစဖူးကြောက်ရွံ့မှုက သူမကို လွှမ်းမိုးလာတော့သည်။

သူမ အရမ်းကို တုန်လှုပ်နေသည်နှင့်အတူ ကြောက်ရွံ့လာသည်... သို့သော် လုံဟူကို နာကြင်အောင်လုပ်ဖို့ ဘယ်သူ့ကိုမှ သူမ ခွင့်မပြုပေးနိုင်... အဘယ်ကြောင့်ဆိုသော် လုံဟူကို ဆုံးရှုံးရခြင်းသည် ဟန်လော့ထင်းအတွက် ကြီးမားသည့် ထိုးနှက်မှု ဖြစ်သွားစေမည်ကြောင့်ပင်။

နောက်ဆုံးလက်ကျန်အားအနည်းငယ်ကို စုစည်းလိုက်ရင်း စောစောကမှလဲကျသွားရင်း ပြန်ထလာသည့် အမျိုးသားကို ထပ်မံရိုက်ချလိုက်ပြန်သည်။ အံတွေကို တင်းတင်းသာကျိတ်ထားလေရင်း သူမ လဲမကျသွားရအောင် ကြိုးစားနေသည်... သို့သော် ပြင်းထန်လှသည့် နာကြင်မှုက ထက်လှသည့် ဓါးသွားတစ်လက်လိုပင် သူမ၏ ခန္ဓာကိုယ်ကို ထပ်ကာထပ်ကာပင် ထိုးနှက်၍နေသည်။

သူမ နားထဲတွင် လုံဟူ၏ အော်သံနှင့် သေနတ်ပစ်ခတ်သံတို့ကို ကြားနေရသည်။

သူမ သေပြီလို့တွေးမိလိုက်သည် သို့သော် သေခြင်းသည် ထင်သလောက်ပင် ကြောက်မရာကောင်းလို့မနေ။

တကယ့်ကို ကြောက်စရာကောင်းသည့်အရာကတော့ ဤကဲ့သို့ အန္တရာယ်အများဆုံးအခြေအနေတွင် အရပ်မြင့်မြင့်ပုံသဏ္ဍာန်တစ်ခုက လုံဟူ၏ အနားကို ပြေးထွက်သွားတာကိုသူမ မြင်လိုက်ရခြင်းပင်။

အဆုံးမှတော့... သူကယ်တင်မည့်သူသည် သူမ မဟုတ်ခဲ့ပေ။

ထိုတစ်ခဏမှာပင်... သူမ နှလုံးသားလုံးဝ ကွဲကြေသွားတော့တာကို သူမ ၀န်ခံရပေတော့မည်။

သူမ မျက်စိရှေ့ရှိအရာရသည်ေ၀၀ါးလို့လာပြီး ဒီတစ်ခေါက်တွင်တော့ သူမ ဆက်၍ မဆုပ်ကိုင်ထားချင်တော့...

သူမ တကယ်ကို... တကယ့်ကိုပင် ပင်ပန်းလှပြီ... ခြေကုန်လက်ပန်းကျလို့နေပြီ...

"လင်းလန်... နင်..."

လုံဟူ၏ အားဖျော့ဖျော့အသံက မီးခိုးငွေ့ဖြူဖြူတွေကြားကနေဖြတ်ရင်း သူမ နားနားဆီ ရောက်လာချိန်တွင် လုံဟူ ဘေးကင်းလို့နေမှန်း သူမ နားလည်သွားရသည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now