အခန်း (၁၂)/အခနျး (၁၂)

Start from the beginning
                                    

"မဟုတ်ဘူး!! နင့်ကို ငါ ဒီလိုမလုပ်စေချင်ဘူး... နင့်ကို လည်း ကောင်းကောင်းနေပြီး ပျော်ရွှင်နေစေချင်တာ!!"

ဒီလို ကောင်းချီးပေးခံရသလိုမျိုး စကားလုံးတွေက တုလင်းလန်၏ နှလုံးသားကိုလှုပ်ခတ်စေသည်။ ပီတိလှိုင်းတို့က ရေငွေ့အသွင်ဖြစ်လာရင်း သူမ၏ ဆန္ဒကို ပို၍ သန်မာလာစေသည်...
"လင်းလန်အတွက် အပျော်ရွှင်ဆုံးအရာကတော့ မမလေး အမြဲကံကောင်းနေဖို့ပါပဲ..."
နောက်ထပ် အသံကျယ်တစ်ခုက ထပ်မံ၍ ပေါက်ကွဲလာပြန်ရင်း သူမ၏ စကားစကို နှောင့်နှေးစေလိုက်သည်နှင့်အတူ သူမ၏ လက်နှင့်နီးကပ်စွာ ရှပ်ပြေးသွားသည်။

တုလင်းလန် လျှင်မြန်စွာလှုပ်ရှားလိုက်ရင်း လုံဟူကို ဆုပ်ကိုင်လိုက်ကာ လွှင့်စင်လာသည့် အပျက်အစီးကြားများမှ တွန်းထုတ်လိုက်သည်။ ပေါက်ကွဲလာသည့်အစတစ်စသည် သူမကျောပြင်ရှိ အ၀တ်စကို ဖြတ်လိုက်ပြီး သွေးစို့လာစေတော့သည်။

သို့သော်ငြား ထိုနာကြင်မှုသည် သူမ၏ လှုပ်ရှားမှုတွေကို မရပ်တန့်စေပါ။ သူမ၏ သေနတ်ကိုသာ တည်ငြိမ်စွာ ချိန်ထားလိုက်ရင်း သူမတို့ဆီ ဦးတည်လာသည့် လူအနည်းငယ်ကို ပစ်ချလိုက်နိုင်ခဲ့သည်။ သူမ မတွေးမိသည်က အခြားတစ်ဖက်တွင်လည်း လူများစွာ ၀န်းရံလာလိမ့်မည်လို့ပေါ့။

လုံဟူကို ကာကွယ်ရင်း နောက်ကို ဖြေးဖြေးချင်းဆုတ်နေချိန်တွင် သူမ လက်ထဲမှ သေနတ် ကျည်ဆန်ကုန်သွားသည်။ ထိုအချိန်တွင်ပင် ရန်သူပေါင်းများစွာက လျှင်မြန်နီးကပ်စွာ ရှေ့သို့ ချီတက်လာကြပြီဖြစ်သည်။

သူမ သေနတ်ကိုလွှင့်ပစ်လိုက်ရင်း တိုက်ခိုက်ဖို့ ကိုယ်နေဟန်ထားကို အသင့်ပြင်လိုက်သည်... များမကြာမှီမှာပင် အရပ်အမောင်းမြင့်မားသည့် ယောကျာ်းသားတော်တော်များများကို သူမ လှဲသိပ်လိုက်နိုင်ပြန်သည်။

အခြားရန်သူတစ်ဦး ရှေ့တက်လာချိန်တွင် ခုန်ထလိုက်ရင်း ဒူးနှင့် ထိုသူ့မျက်နှာကို တိုက်ခိုက်လိုက်ကာ တစ်ဖက်ခြေကိုသုံးရင် ထိုသူ့ကို မေ့လဲသွားအောင် ကန်ပစ်လိုက်သည်... သို့သော် သူမ၏ ဗိုက်အောက်နားဆီမှ ရုတ်ချည်းဆိုသလို ထက်မြက်စူးအောင့်လှသည့် နာကြင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုနာကြင်မှုက သူမကို အားလျော့စွာ ဖြူဖျော့သွားစေရင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်မိစေသည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now