အခန်း (၁၀)/အခနျး (၁၀)

Start from the beginning
                                    

သူသည် ဒီလိုမျိုး လူတစ်ယောက်ပင်။ အစမှာတော့ သူမချစ်ခဲ့ပေ၊ သို့သော် သူချစ်မိသွားသည်နှင့် အရူးအမူးဖြစ်လာမည်ဖြစ်ပြီး သံသယလွန်ကဲလာမည်လည်းဖြစ်သည်။

သူမ နှလုံးသား တစ်ခြားနေရာရောက်နေတာမျိုး သို့မဟုတ် သူမ တခြားတစ်ယောက်ကို ချစ်မိနေတာမျိုးကို သူဂရုမစိုက်။ သူမကို ပြန်လည် လုယူပြီး သူ့ကိုချစ်လာအောင်လုပ်ကာ သူမ နှလုံးသားကို သူ့အပိုင်ဖြစ်လာစေဖို့ရာ ဆောင်ရွက်မည်ဖြစ်သည်။

သူ့လက်ငါးချောင်းကို လက်သီးဆုပ်သဏ္ဍာန် ဖြေးညင်းစွာ ကျစ်ထားလိုက်လေချိန်တွင် သူ၏ မှင်နက်ရောင်မျက်ဝန်းတို့ထံမှ ပြတ်သားလှသည့် ဆုံးဖြတ်ချက်က ထူးခြားစွာ ပေါ်ထွက်လာသည်။ ထိုအခြင်းအရာသည် လူတွေကို တုန်လှုပ်စေသလို လှုံ့ဆော်နိုင်စွမ်းလည်းရှိလို့နေသည်။

******************

နောက်ဆုံးမှာတော့ လုံဟူသည် သူမ ဆန္ဒအတိုင်း ဂျပန်ကို တစ်ဦးတည်းထွက်သွားခဲ့သည်။ သို့သော် ဟန်လော့ထင်းကတော့ အမှောင်ထဲမှနေ၍ သူမကို ကာကွယ်ပေးဖို့လူတွေကို လွှတ်ထားပေးခဲ့သည်။ ဒါ့အပြင် သူသည် လုံမန်တွင် တုလင်းလန်၏ ရနံ့ကို လိုက်နိုင်ဖို့ အမြဲပင်ရှာဖွေ၍နေသည်။

လုံမန်သည် ကြီးမားကျယ်ပြန့်လှသည်... သို့သော် ဘယ်သူ့ကိုမှ ရှာမတွေ့နိုင်လောက်သည့် နေရာမျိုးတော့မဟုတ်ချေ။ တုလင်းလန်ကို သုံးရက်ဆက်တိုက် သူ ရှာမတွေ့နိုင်ချိန်တွင်တော့ တစ်စုံတစ်ရာက သူ့ကို ဟန့်တားနေလေမှန်း သူသိလာရတော့သည်။

ထိုသူဘယ်သူပဲဖြစ်နေပစေ၊ ဘယ်သူုဆိုတာ သူမတွေးချင်။ ဒါဟာ သူ၏ မိုက်မဲမှုဖြစ်သည့်အတွက် တစ်ဖက်လူကို သူအပြစ်မတင်နိုင်။ ဒီအတွက် ဒီရလဒ်ကိုသာ သူလက်ခံရပေလိမ့်မည်။ တစ်ဖက်လူ၏ ရုံးခန်းကို တိုက်ရိုက်သွားပြီး ဖွက်ထားသည့်သူကို လက်လွှဲပေးရန်တောင်းဆိုတာမျိုးလည်း သူမလုပ်။ သူ၏ ကံမကောင်းမှုကို ၀န်ခံရုံသာတတ်နိုင်ပြီး ဒီ တူတူပုန်းတန်းကို ဆက်၍ ကစားပေးရမှာပင်။

သို့သော်ငြား ဘုရားသခင်သည် ဟန်လော့ထင်းကို တမင်သက်သက်ပင် ကျီစယ်လို့နေသည်။ သူ၏ အလုပ်တာဝန်တို့သည် ရုတ်တရတ်တိုးပွားလာသည်။ ပုံမှန်ဆိုလျှင် ဒီလိုကိစ္စသေးသေးလေးများကို သူစီမံပေးစရာမလို။ သို့သော်ငြား တာဝန်တို့က ရုတ်ချည်းဆိုသလို မြင့်တက်လို့လာသည်။ အိပ်ချိန်တောင်မရှိတော့... သို့သော် သူမကို တတ်နိုင်သမျှ ရှာဖွေဖို့ကိုတော့ သူလက်မလွှတ်သေးပေ။ ကြိုးစားသထက် ကြိုးစားပြီး ရှာနိုင်သည့်သထက်ကို သူရှာရပေမည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now