အခန်း (၁၀)/အခနျး (၁၀)

Start from the beginning
                                    

"အကို" တစ်ယောက်သာဆိုလျှင် သူ့ညီမလေး မျက်ဝန်းတွေထဲမှာ ပြည့်နှက်နေသည့် ခံစားချက်ပေါင်းစုံကို ရင်ဆိုင်လိုက်ရရုံဖြင့် ရင်တွေ တဒိန်းဒိန်းခုန်လာမည် မဟုတ်။

"အကို" တစ်ယောက်သာဆိုလျှင် သူ့ညီမလေး ထွက်သွားမှာ၊ သူမကို ထပ်မတွေ့ရတော့မှာ၊ ထပ်ပြီး သူမကို ရှာမတွေ့နိုင်တော့မှာကို ကြောက်ရွံ့နေလိမ့်မည်မဟုတ်။

တုလင်းလန်အပေါ်ထားသည့် သူ့ခံစားချက်တွေသည် "အကို" တစ်ယောက်ဆီမှာ ရှိသင့်သည့် အပြုအမူမျိုး မရှိနေခဲ့တာ အတော်ပင်ကြာမြင့်ခဲ့လေပြီ။

ယန်မော့ဖေး၏ စကားလုံးတွေကို သူ့စိတ်ထဲတွင် အမှတ်မထင် ပြန်လည်ကြားယောင်မိလာတော့သည်။

သူသည် လုံဟူ၏ ခင်ပွန်းတစ်ယောက်ဖြစ်လာပြီး လုံဟူကို ကာကွယ်ရဖို့ကို မလိုလားချေ။ အဘယ်ကြောင့်ဆိုသော် အစမှ အဆုံးတိုင် သူမကို အသက်သခင်ကျေးဇူးရှင် အဖြစ်သာ သတ်မှတ်ထားခဲ့တာဖြစ်ပြီး သူမ၏ ကျေးဇူးတွေကို ပြန်လည်ပေးဆပ်သည့် အနေဖြင့် ကာကွယ်ပေးနေရုံပင်ဖြစ်သည်။

သို့သော် တုလင်းလန်၏ ခင်ပွန်းဖြစ်လာဖို့ကိုတော့ သူလိုလားပြီး သူမ၏ ခင်ပွန်းအနေဇြင့် သူမလေးကို ကာကွယ်ပေးကာ ချစ်ကျွမ်းဝင်ချင်သည်။ ဒီခံစားချက် ဘယ်ကတည်းက ဖြစ်တည်နေခဲ့မှန်း သူမပြောနိုင်... ကြည့်ရတာတော့ ပထမဆုံး သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကတည်းက သူမချစ်သည့်အရာကို ကာကွယ်ပေးဖို့ သတ္တိအပြည့်ရှိနေသည့် ထိုသတ္တိခဲကလေးမငယ်လေးသည် သူ့နှလုံးသားထဲကို ၀င်ရောက်ခဲ့ပုံပေါ်ပြီး ထိုကတည်းကပင် "အကို" တစ်ယောက် သို့မဟုတ် "အထက်လူကြီး" တစ်ယောက်ဆိုသည့် ရပ်တည်ချက်အနေဖြင့် သူ့ကိုယ်သူ လှည့်စားမိခဲ့ဟန်ပေါ်သည်။

ပို၍ မြိုသိပ်ထားမိသည်က အလုပ်ကိစ္စတွေ အမိန့်ပေးချက်တွေနှင့်သာ သူမကိုရင်ဆိုင်မိနေတာဖြစ်ပြီး သူမကို ၀မ်းနည်းစေပြီး နက်ရှိုင်းစွာ နာကြင်စေသည်ကလည်း ဒါတွေနှင့်သာဖြစ်သည့်ပုံပေါ်သည်။

သူ့ကိုယ်သူ ရက်စက်စွာ သတ်ပစ်ချင်လာသည်၊ သူ့နှလုံးသားကိုနက်ရှိုင်းစွာ ခွဲထုတ်လိုက်ပစ်ကာ သူမရှေ့တွင် ကိုင်မြှောက်ရင်း လက်ခံပေးဖို့ တောင်းဆိုချင်လှသည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now