အခန်း(၃)/အခနျး(၃)

Start from the beginning
                                    

"ဘန်း..." ဟောခန်းထဲတွင် ကျယ်လောင်သည့် မြည်သံတစ်ခုထွက်ပေါ်လာသည့်နှင့်အတူ မူလက ဆူညံနေခဲ့သည့် ခန်းမသည် တဇပြင် ကဲ့သို့တိတ်ဆိတ်သွားတော့သည်။

လင်းလန်လေးသည် သူမရဲ့ခေါင်းအရမ်းကိုနာကျင်ပြီးအောင့်မျက်နေမှန်း ခံစားမိလိုက်သည်နှင့်အတူ နဖူးပေါ်မှာ အရည်တွေကျလာရင်း မျက်လုံးထဲအထိဝင်လာသည်ကိုပါ ခံစားလိုက်ရသည်။ သို့သော်ငြား အရင်တုန်းကလိုမျိုး ငိုယိုပြီး လဲကျမသွားခဲ့ပဲ သူမရဲ့ အရုပ်ကိုသာပြန်ပေးဖို့အတွက် တခြားလူတွေကို အကူအညီတောင်းနေမိသည်။

သူမ မျက်လုံးထဲက အရည်တွေကို လှမ်းကာသုတ်လိုက်လေရင်း မတ်မတ်မရပ်နိုင်တဲ့ကိုယ်လေးကို ကျားကန်ကာ အင်မတန်မှ တုန်လှုပ်နေပြီဖြစ်တဲ့ ကလေးဗိုလ်ရှိရာကို တစ်လှမ်းချင်းစီလျှောက်သွားလိုက်တော့သည်။

ထိုကောင်လေးကို တွန်းဖယ်လိုက်လေရင်း သူမရဲ့ ယုန်ရုပ်ကြီးကို ဂရုတစိုက်ကောက်ယူချိန်မှာတော့ သူမရဲ့နှုတ်ခမ်းပါးလေးတွေဟာ မနေနိုင်လှစွာ ခပ်ရေးရေးပြုံးမိသွားတော့သည်။ အရုပ်ဟာ အနည်းငယ် ပေရေနေသော်ငြား ပျက်စီးသွားတာမဟုတ်လေတာကြောင့် ဘာထိခိုက်မှုမှရှိမနေဘူး။

သူမခေါင်းဟာ စိုရွဲနေသည့်အတွက် သူမရဲ့ မျက်နှာကို ယုန်ရုပ်လေးရဲ့ လက်မောင်းတွေကြားထဲ အပ် မပစ်ရက်လေဘူး။ သူမ ခေါင်းမော့လိုက်လေရင်း ရေချိုးခန်းရှိရာကိုသာ ဦးတည်လျှောက်သွားမိတော့သည်။ သို့သော်ငြားဘာကြောင့်မှန်းရယ်တော့မသိ သူမရဲ့ ခြေထောက်တွေဟာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် အားအင်ရှိမနေတော့။

မဖြစ်ရဘူး။ သူမ မျက်နှာသစ်ရမှာလေ။ သူမ ကိုယ်ကို ပြောလိုက်သည်။ ဒါမှ သူမ ယုန်ရုပ်ကြီးကို တင်းနေအောင် ဖက်ထားနိုင်တော့မှာ...

တစ်လှမ်း ပြီး နောက်တစ်လှမ်း... တစ်လှမ်းချင်းလှမ်းနေသည့်အတွက် သူမ မျက်နှာပေါ်ကသွေးတွေဟာ မြေကြီးပေါ်ကို စီးကာကျလို့နေပြီ။

နောက်ထပ် ကျားကန်ပြီး ရှေ့ကို ဆက်မလှမ်းနိုင်တော့မည့်ဆဲဆဲမှာပင် ဆယ်ကျော်သက်လေးတစ်ဦးဟာ သူမကို ထိန်းကိုင်ထားပေးဖို့ရာ ရှေ့ထွက်လာတော့သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now