chan : " ဟုတ်အမေ ။ "

ဒေါ်လေးနဲ့ဦးလေးပြန်သွားတော့

Kai : " သူဘာလုပ်လုပ် ကျွန်တော်ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲ တဲ့ 😂😂 ။ မှန်မှန်လိမ်စမ်း ကလေးကို ဘယ်တုန်းထဲက ပြစ်မှားနေတာလဲ "

Chan : " အရူးကောင် ပေါတောတောလုပ်မနေနဲ့ သေချင်လို့ "

Kai : " 😂😂 သိနေတယ်နော်။ သိနေတယ်။ "

Chan : " သိနေရင်လည်း တိတ်တိတ်နေ ။ "

Kai : " အေးပါကွာ အေးပါ။ ဒါနဲ့ မင်းရဲ့ပေါက်စနဲ့ ဟိုကောင်လေးတွေရော"

Chan : " စကားပြောနေကြမှာပေါ့ "

Kai : " မင်းတို့နှစ်ယောက် လက်ထပ်ထားတာရော ဟုတ်ရဲ့လား။ တစ်ယောက်ကလည်း အနားမကပ်။ တစ်ယောက်ကလည်း မသိချင်ယောင်ဆောင်နဲ့။ ဟုတ်တော့ဟုတ်နေတာပဲ "

Chan : " သူ့ကို ဒီနေ့တစ်ရက်ပဲ လွတ်လပ်ခွင့်ပေးထားတာ ။ နောက်နေ့တွေကြည့်နေလိုက် "

Kai : " မင်းကပဲ သူ့ကိိုထိန်းနိုင်မလား။ သူကပဲ မင်းကိုပြန်မွှေနိုင်မလား စောင့်ကြည့်မယ်သိလား😂😂 "

Chan : " ..... "

Chan ကတော့ ဘာမှပြန်မပြောဘဲ ပြုံးသာနေသည်။ သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းဖြစ်သည့်အပြင် နှစ်ဝမ်းကွဲ ညီအစ်ကိုဖြစ်တာကြောင့် အတွဲပိုညီသည်။ ဒါပေမဲ့ Kai က ရဲအလုပ်ကိုရွေးသွားတာကြောင့် ရွာမနေ။ မြို့မှာသာအနေများသည်။ Chan ရဲ့မင်္ဂလာပွဲကြမှရောက်လာတာဖြစ်သည်။ အခုမှအေးအေးဆေးဆေးပြန်တွေ့ရတာကြောင့် အနားယူရင်ရောက်တက်ရာရာစကားပြောနေကြလေသည်။

xxxxxxxxxxxxxxxxxxxxxxx

Chen : " အဲ့မှာ စားနေ စားပိုးနင့်ပြီးသေနေမယ် အရူးကောင်ရဲ့ "

Baek : " မင်းကွာ မင်းအဖေနဲ့အမေကို ဆိုးလို့ရတာထား။ ဒါပေမဲ့ မင်းယူထားတဲ့ ယောင်္ကျားက ကျောင်းဆရာလေကွာ။ သူ့မျက်နှာလေးတော့ထောက်အုံးပေါ့ကွ "

KS : " .... "

Baek : " အခု ရွာ 10 ရွာလုံးမှာ ဘာသတင်းထွက်နေပြီထင်လဲ။ မင်းသိလား မင်းနာမည်မှ ဟိုးလေးတကျော်ကျော် မင်္ဂလာဆောင်မှာရန်ဖြစ်တာလဲ မင်း။ မြောက်ဘက်ရွာက ရွာလူကြီးကို ပြန်ပြောတာလဲ မင်း။ တကယ်က မင်းက ခံလိုက်ရတာ။ သတင်းထွက်တော့ မင်းနာမည်။ မပြောလိုက်ချင်ဘူး ။ မင်း..."

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now