24.အတိတ်ကိုမသိချင်တော့ဘူး

3.9K 206 35
                                    


"မမ "

ရွဲရှိန်ဝါ ဒီရေစကားကိုနားမထောင်ပဲ ဆရာဝန်ကိုသာ မေးမြန်းနေလေသည်။

"ဒေါက်တာ သေချာရဲ့လား သုခ သုခက တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလား"

"ဟုတ်တယ် ကျနော့်တစ်သက် ဒါပထမဦးဆုံးကြုံဖူးတာပဲ"

"ဟုတ်ကဲ့ ဒေါက်တာ ကိုယ်ဝန်က ဘယ်လောက်ရှိပီလဲဟင်"

" နှစ်လပါ ပြီးတော့ ဒီကောင်လေးကို ပိုဂရုစိုက်စေချင်ပါတယ်။
သူ့မှာ စိတ်ညစ်စရာတွေ များနေရင်လည်း သူ့ကိုနှစ်သိမ့်ပေးပါ
ကိုယ်ဝန်လွယ်ထားချိန်မှာ ပိုဂရုစိုက်ပေးလိုက်ပါ
သူကအခုသတိနည်းနည်းလစ်သွားတာပါ
စိတ်မပူပါနဲ့ "

"ဟုတ်ကဲ့ ကျမဂရုစိုက်လိုက်ပါ့မယ်"

ဒေါက်တာသည် ဒီရေနဲ့ရွဲကို သေချာဂရုစိုက်ဖို့မှာပြီး လှည့်ထွက်သွားပါတော့သည်။

"မမ ကျနော်"

ဒီရေပြောလာမဲ့စကားတွေကို ရွဲရှိန်ဝါ နားမ​ထောင်ချင်ခဲ့ပါဘူး။

"ဒီရေ မင်းအိမ်အရင်ပြန်နှင့်ပါ"

"မမ ဒါပေမဲ့ ကလေး"

"ရတယ် မမ ရှိတယ်စိတ်သာချ"

ဒီရေ အိပ်ပျော်နေသော ကလေးငယ်နားသို့ တစ်လှမ်းချင်းလျှောက်သွားပြီး ခုံလေးဘေးဝင်ထိုင်လိုက်သည်။

"အကို မင်းအတွက်စီစဥ်စရာတွေရှိတယ် ကလေး

အကို သိပ်ချစ်တဲ့မင်းကို အကိုအခုခနလေးပဲထားခဲ့မယ်နော်

ခနလေးပဲ "

သုခရဲ့ ပါးပြင်လေးသို့ နစ်ဝင်သွားအောင် တစ်ချက်နမ်းရှိုက်လိုက်သည်။မျက်ရည်စလေးက သုခရဲ့ မျက်နှာပေါ်သို့ ကျဆင်းသွားခဲ့သည်။ မျက်လုံးကိုသာ စုံမှိတ်ပြီး သုခရဲ့ မျက်နှာနားက မခွာချင်ခဲ့။ မသိချင်ဘူးကလေးရယ် မင်းရဲ့ရင်သွေးလေးရဲ့
အဖေဘယ်သူလဲဆိုတာ ။ ကိုယ့်အတွက်မျှော်လင့်ချက်တွေ မရှိတော့ဘူးလား။ ကိုယ်တကယ်ပဲ မင်းကို တစ်ခြားတစ်ယောက်ဆီ ထည့်ပေးရတော့မှာလား။ ကိုယ်မင်းကို တစ်သက်လုံး စောင့်ရှောက်ဖို့အတွက်တောင် ဆုံးဖြတ်ထားခဲ့တာလေ ကလေးရယ်။ မင်းရက်စက်လိုက်တာ။ ကိုယ်ဘာဆက်လုပ်ရမလဲ ကလေးရယ်။ ကိုယ်ကလေးကို အရမ်းချစ်တာပါ။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Où les histoires vivent. Découvrez maintenant