10.မျက်ရည်ခသောနေ့♥♥

7.1K 313 16
                                    

Unicode

🧡 ဘယ်သူရဲ့ အပျော်တမ်း ကစားတဲ့အရုပ်လေး မဖြစ်ချင်ဘူးဆိုတာ ကျနော် ညာတာမဟုတ်ဘူး အကို
ကျနော် တကယ်ညာတာ မဟုတ်ရပါဘူး❤

သုခထည်ဝါ။👱🏻

💗ကျောခိုင်းခဲ့တယ်ပဲ ပြောပြော
စွန့်လွှတ်ခဲ့ရပါတယ်ပဲ ပြောပြော
ကျနော့် ဆှုံးရှုံးလိုက်ရတာတော့ အတူတူပါပဲ 💔

ဒီရေ။🙆🏻‍♂️

💞 မင်းငါ့ကို နားမလည်ပါဘူး
သူနဲ့ကျမှ ပိုတောက်ပနေတဲ့ မင်းရဲ့အပြုံးတွေကို
ငါနားမလည်နိုင်သလိုပေါ့ ။💔

သုတရာဇာ။🙅🏻‍♂️

"ဘာ ချစ်တယ် ဟုလား "

"အေး ကူညီပါကွာ"

"တော်တော့ ဒီရေ ။"

"မင်းကလည်း ဒါလေးကူညီရုံပဲကို"

" မကူညီနိုင်ဘူးကွ"

"မင်းမနှစ်သက်လို့ အနိုင်ယူထားတာလေကွာ
ငါကချစ်လို့ပျော်အောင်ထားချင်တာ ကူညီပါကွာ"

" မင်းမသိဘူး ငါကသုခကို အနိုင်လိုချင်တာ ဟုတ်တယ်

မင်းကိုလည်း မပေးနိုင်သလို
ဘယ်သူ့ကိုမှလည်း ငါ့လက်ထဲက မပေးနိုင်ဘူး

မင်းလို ဂေးကိုငါသိပ်မုန်းတယ် အခုလည်းငါ့ရဲ့သုခကို
မင်း မင်းကွာ... "

သုတ တကယ်ကိုအသံတွေတိမ်သွားခဲ့ပါတယ်။ ဒါပေမဲ့လေ သုတဆိုတဲ့ကောင်လေးက လုံးဝမျက်ရည်မကျသွားခဲ့ပါဘူး။
သူရဲ့အတ္တတွေကြောင့် သူသိပ်ချစ်တဲ့ ညီတစ်ယောက်ကို
ဂေးဆိုတဲ့ အသုံးအနှုန်းနဲ့ မဖြစ်စေချင်တာပါ ။
သူရှက်လို့မဟုတ်ဘူး။ သူညီ့ကိုသူသိပ်ချစ်လို့။

တောက် စ်!!

ကားကိုအရှိန်နဲ့ပြင်းစွာမောင်းထွက်လာပြီး အိမ်ကိုသာဦးတည်ခဲ့တယ်။ ကားမောင်းနေသည့်လမ်းတစ်လျှောက်လုံးလည်း သူ ဆောက်တည်ရာမရစွာနဲ့ ဖြစ်နေခဲ့တယ်။

သူမနက်အစောထဲက ကန်ဘောင်ကိုတစ်ယောက်ထဲ ထွက်သွားတာ တနေကုန်နေပြီလေ။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Onde histórias criam vida. Descubra agora