32.မိသားစုတဲ့နွေးထွေးတယ်မလား။

2.8K 126 11
                                    

တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့ အခါ
နားလည်မှု့ဆိုတာလည်း အနားရောက်ရှိလာတယ်။
ကြင်နာခြင်းဆိုတဲ့ သိပ် နွေးထွေးတဲ့ စကားလုံးလေးလည်း ရောက်လာတယ်။
မဆုံးရှုံးချင်တော့သလို ပိုပြီးလည်း လိုအပ်လာတော့တယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အချစ် လို့ယူဆ ရစမြဲ။

အကို ရဲ့သုခလေးက မွေးဖွးရက်ကိုတောင်ရောက်တော့မယ်တဲ့။ ဒီလူသားနှစ်ဦး အချစ်ကြောင့်နာကျင်ခဲ့ရတာတွေ ပျောက်ဆုံးကုန်ပြီ။
အချစ်အတွက် ပန်းပျိုးထားတဲ့လမ်းကို နောက်ထပ် လူသားလေးက လာရောက် ဆုံစည်းပေးတော့မယ်။

''ကိုကို ကိုကို ထ ဦး ဗိုက်က တအားနာတယ် ''

သုခ တစ်ယောက် ဗိုက်လေးကို မ ရင်း
ညသန်းခေါင်ယံမှာ ဗိုက် နာ၍နိုးလာခဲ့တယ်။ ဗိုက်ထဲက အကောင်လေးက သိပ်ပြီး လူ့လောက ကို ရောက်ချင်လေရဲ့။
ဘေးနားက အိပ်မောကျနေတဲ့ သုတလည်း သုခ ရဲ့ အတင်းလှုပ်နှိုးမှု့ကြောင့် ဆက်အိပ်မရပဲ ထရတော့တယ်။

'' ဘာဖြစ်လို့လဲ''

'' ဗိုက်က တအားနာတယ် ။ ဒီအောက်ဘက်က ထိုးနေသလို ''

'' ဒါဆို မွေးရင်မရောက်ခင်မွေးမယ်ထင်တယ် ဆေးရုံသွားရအောင် လာလာ ''

သုတလည်း မွေးဖွားရက် က သဘက်ခါမို့ အေးဆေးနေလိုက်မိတယ်။ အခုမှ ကိုယ်တော်လေးက အတင်းအော်ငိုနေတော့ ဆေးရုံသာ မောင်းလာလိုက်တယ်။
ဘာပစ္စည်းတစ်ခုမှမယူပဲ ထွက်လာလိုက်မိတော့ နောက်မှပြန်မယ် သဘောထားလိုက်တယ်။

အသဲအသန်အော်နေတဲ့ ကောင်လေးကို သေချာတွဲပေးပြီး ဆေးရုံ ထက်ရောက်လာတော့ ရက်ချိန်းယူပေးထားတဲ့ဆရာမက လည်းရောက်လာတယ်။ ကားမောင်းနေရင်း လမ်းတစ်လျှောက် အကုန်လုံးကို ဖုန်းဆက်ခေါ် နေခဲ့တယ်။

ဆရာမလည်း ပြင်ဆင်စရာရှိတာကို ပြင်ဆင် နေပြီး။
သုခကို တွန်းလှည်းလေးပေါ်တင်ရင်း မွေးခန်းထဲဝင်သွားကြတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ သုတကတော့ ရောင်လည်လည်နဲ့။ အလောတကြီးမို့ စိတ်ပူတာတစ်ကြောင်း မလုပ်တတ်မကိုင်တတ်နဲ့မို့ စိုးရိမ်နေရတယ်။
ဘာမှမဖြစ်ပဲ ကောင်းကောင်မွန်မွန်မွေးလာစေဖို့ဆုတောင်းနေတာ အကြိမ်ကြိမ် ။ ထိုင်ခုံတွေကတော့ သုတတစ်ယောက် သူတို့ကို မမြင်လေသလားလို့ တောင်ထင်နေကြပြီ။ ဖင် တစ်ကြွကြွနဲ့ ပါးစပ်ကလည်းဘုရားစာရွတ်ရင်းပေါ့။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now