စာစဉ် ၃၄ ( ၁ - ၆ )

Start from the beginning
                                    

ထို့ နောက် ဖက်တီးနှင့်မုတ်ဆိတ်သည် ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ထရပ်ကာ
ထိုလူအား ခေါ်သွားကြတော့၏…

“မြန်မြန်လေး ပြန်တော့…သွားတော့..သွား…”

“မြန်မြန်လေး..မြန်မြန်လေး…မြန်မြန်လေး ပြန်လိုက်တော့…”

ထိုယောက်ျားသည် အောက်မှာကျနေသည့်သူ့ အ၀တ်တွေကို ကောက်လိုက်ပြီး တဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ၊
ထို့ နောက် တံခါးမဆီ လျှောက်သွား၏ ။

ရီဝမ်ဝမ်အား ကျော်သွားသည်နှင့် စီရီဟန်ကို တစ်ချက်ကြည့်လိုက်သည် ။ ထို့ နောက် ရီဝမ်ဝမ်အား ကြည့်လိုက်ကာ တိုးတိုးလေးပြောလာသည် ။

“သခင်မ…ကျွန်တော့်ကို စိတ်တိုင်းမကျတာ အံ့သြစရာမရှိတော့ပါဘူး ။ ကျွန်တော် သူ့ ကို ရုပ်ပိုင်းမှာ မယှဉ်နိုင်ဘူးဆိုတာကို ၀န်ခံပါတယ်၊ ဒါပေမယ့်…”

ဒါပေမယ့်…ဘာလဲ ။

ရီဝမ်ဝမ် မျက်မှောင်ကြုတ်မိသွားသည် ။
သူ နောက်ထပ်ပြောလာမည့် စကားသည် မကောင်းတော့ဘူးဆိုသည့် ခံစားချက်ကို ရနေမိချေပြီ ။

ထိုယောက်ျားက တခနရပ်လိုက်ပြီး၊ ဟတ်ခနဲရယ်ချလိုက်ကာ ဆက်ပြောသည် ။
“ဒါပေမယ့် သခင်မ…ယောက်ျားတစ်ယောက်ကို ရုပ်ရည်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေနော် ။
သူက အရမ်းကြီးပျင်းစရာကောင်းနေမယ် ဆိုရင် အလှပြထားတဲ့ပစ္စည်းနဲ့  ဘာကွာတော့မှာလဲ ။
သခင်မ…သဘော တူတယ်မလား”

ရီဝမ်ဝမ် ။  “…” သဘောတူရမယ်…နင့်အဖေကြီးပဲ သဘောတူ ။

ထိုယောက်ျားသည် ခနဲ့ တဲ့တဲ့အပြုံးတစ်ပွင့် ပြိုးခနဲ လင်းလက်လာပြီး တိုးတိုးလေးပြောလာ၏ ။ သို့ တိုင် စီရီဟန်သည် သူပြောသမျှအား ကြားနေရချေသည် ။

“သခင်မ…တကယ်လို့  စိတ်ပြောင်းမယ်ဆိုရင် ကျွန်တော့်ကို အချိန်မရွေး ခေါ်လိုက်ပါ။ သခင်မအတွက်သာဆို ကျွန်တော် ပိုက်ဆံမယူဘဲကို အခမဲ့ လုပ်ပေးမှာပါ ~”

ရီဝမ်ဝမ် ။  “…”

ထိုယောက်ျားသည် စကားကုန်သွားသည်နှင့် ချာကနဲလှည့်ထွက်သွားသည် ။ ငါးယောက်သောကြေးစား
တို့ သည်ကား ကြောက်ဒူးတို့ တဆတ်ဆတ်တုန်ရီနေပြီး မသိလိုက်မိဘဲ လက်တို့ ကို ပွတ်သပ်နေမိကြလေပြီ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now