စာစဉ် ၃၄ ( ၁ - ၆ )

Start from the beginning
                                    

ဧည့်ခန်းထဲတွင် ငါးယောက်သားသည် အတွေးကိုယ်စီ နစ်နေကြချိန် ။

သူတို့  ဘာတွေတွေးနေသလဲဆိုသည်ကို ရီဝမ်ဝမ် ဂရုမစိုက်အား ။ တစ်ယောက်ချင်းစီတိုင်း တစ်ယောက်ချင်းစီတိုင်းကို ကြည့်နေပြီး ပြောလာသည် ။

“ပြောကြစမ်း ။ ဒီလူက ဘယ်သူလဲ…ဘာလို့  အိမ်ထဲရောက်လာတာလဲ”

ဤအခိုက်အတန့် ၊ ရီဝမ်ဝမ်သည် သူမ၏တလိပ်လိပ်တက်လာသည့် ဒေါသကို မြိုသိပ်နေရသည့်ဟန် ။ သူမ၏မျက်လုံးတို့သည် မှုန်မှိုင်းမာထန်နေလျက် သူမနံဘေးတွင် ရပ်နေသည့် စီရီဟန်ထက်ပင် ပိုလို့ ကြောက်စရာကောင်းလှ၏ ။

ငါးယောက်သားခမျာ ခြေထောက်တို့ တဆတ်ဆတ်တုန်ရီလာသည်အထိ အကြောက်ကြီးကြောက်လန့် လာကြကုန်ပြီ ။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြပြီး စကားတစ်ခွန်းမှ ဆိုလာရဲခြင်းမရှိကြ ။

အိမ်တော်ထိန်း၏အနောက်မှာ ပုန်းလျိုးနေသည့် အရုပ်မလေးသည်
“သသသသသ-သခင်မ…ကျွန်မ ဘာမှ မသိဘူးနော်…”  ။

ဖက်တီးသည် သူ့ နားရွက်သူ လိမ်လိုက် သူ့ ပါးသူ ပွတ်သပ်လိုက် လုပ်နေပြီး
“သခင်မ…သူ…သူက ကျွန်တော်တို့ ငှားထားတဲ့အစေခံအသစ်ပါ” ဟု ပြောလာသလို ။

တစ်ချိန်တည်းပင် မုတ်ဆိတ်နှင့်ယောက်ျားသည်လည်း
“သခင်မ…သူက သတ်ဖြတ်သူတစ်ယောက်ပါ” ဟု ထုတ်ပြောလာသည် ။

ရီဝမ်ဝမ် ။  “…”

မင်းတို့ နှစ်ယောက် မပြောခင် အရင်ဆုံးတိုင်ပင်လိုက်ကြပါဦးလား ။

အားးး…ငါတော့ သေတော့မှာပဲ ။

တကယ်တမ်းတွင် ဘာတွေဖြစ်နေသလဲကို ရီဝမ်ဝမ် တွေးကြည့်နေစရာပင် မလိုပေ ။ မျက်ရိုးတို့ ကို နှိပ်နယ်လိုက်ပြီး လက်ဝှေ့ ယမ်းပြလိုက်၏ ။

“သူ့ ကို ခေါ်သွားကြ”

မြန်မြန်လေး ခေါ်သွားကြစမ်းပါ ။

ဒီလူ ဒီမှာ ရှိနေတာက ချိန်ကိုက်ဗုံးတစ်လုံးကို ကိုင်ထားရသလိုပဲ ။ စီရီဟန်ရဲ့မျက်လုံးရှေ့ ကနေ
သူ့ ကို မြန်မြန်ခေါ်ထုတ်သွားကြစမ်းပါဟ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now