KS : " အား လွှတ် စမ်း။ အသားမဲမ ။ လွှတ် "

KS နဲ့ ကောင်မလေး တစ်ယောက်ဆံပင်တစ်ယောက်ဆွဲကာ ရန်ဖြစ်နေတော့သည်။

Chan : " ဟာ ပေါက်စ မလုပ်နဲ့။ ကလေး တော်တော့ "

Chen : " ဂျောင်ဆူး လွှတ်ပေးလိုက်။ ဂျောင်ဆူး ရား "

Baek : " ဂျောင်ဆူးရား တော်တော့။ မလုပ်နဲ့တော့လေ "

KS : " လွှတ်ပေးစရာလား။ အဲ့ အသားမဲမကို "

Girl : " ဂျပု ကောင် ငါက နင့်ကိုကြောက်စရာလား ။ နင်လည်းအသေပဲ "

Chan : " ဒီလိုပဲကြည့်နေတော့မှာလား။ ဝင်ဆွဲကြလေ။ ပြသာနာပိုကြီးသွားချင်လို့လား "

people : " ဆွဲလေ ဝင်ဆွဲကြလေ။ ကြည့်မနေကြနဲ့ "

အစက ဂျောင်ဆူးကို ကြောက်ကြတာကြောင့် Chan တို့သုံးယောက်ကလွဲလို့ ဘယ်သူမှ ဝင်မဆွဲရဲကြ။ Chan ပြောမှပဲ တစ်ယောက်တစ်ပေါက်ပြောကာ ဝင်ဆွဲကြတော့သည်။ နှစ်ဖက်မိဘတွေကလည်း အရှေ့ပိုင်းဘုန်းကြီးကျောင်းကို ဆွမ်းကပ်သွားတာကြောင့် မရှိကြ။

KS နဲ့ ကောင်မလေးကို အကုန်လုံးကဝိုင်းဆွဲနေကြပေမဲ့ နှစ်ယောက်လုံးလက်တွေက တစ်ယောက်မှမလွှတ်ကြသေး။ ကောင်မလေးဆိုတာ အဝတ်အစားတွေ တွန့်ကျေကာ။ မျက်နှာမှာလိမ်းထားတဲ့ မိတ်ကပ် နဲ့ ဟင်းရည်တွေရောကာ ကြည့်ချင်စရာမရှိတော့။ ဂျောင်ဆူးကတော့ ယောင်္ကျားလေးလည်း ယောင်္ကျားလေးဆိုတော့ အဝတ်တွေက တွန့်ကျေရုံတင်။ သိပ်မကြာလိုက် မိဘတွေပြန်ရောက်လာကြသည်။

Suho : " Do kyunsoo !!! အဲ့တာဘာဖြစ်နေတာလဲ။ ဟဲ့ ငါပြောနေတယ်လေ။ နင့်လက်ကို လွှတ်မလား ငါတုတ်ကောက်လာရမလား "

KS ခမျာ တုတ်ဆိုမှ လွှတ်တော့တယ်။ ဒါတောင် ဆူပုတ်နေသေးတာ။ Chan တို့ 4 ယောက် အခုမှသက်ပြင်းချမိတော့တယ်။ 4 ယောက်ဆိုတာ Kai ကလည်းကြည့်နေရင်းကနေ မနေနိုင်တော့ကြောင့်သူပါ ဝင်ကူခြင်း။ သူတို့လေးယောက်က KS ကိုဆွဲကာ ဟိုကောင်မလေးကိုတော့ သူတို့ရွာသားတွေက ဝင်ဆွဲတာပါ။ ဟိုကောင်မလေးက တစ်ခြားရွာက ဖြစ်တာကြောင့် ပြသာနကပိုကြီးသွားရသည်လေ။ KS မေမေ ဒေါ်လေးကတော့ သွေးတောင်တက်သွားသည်။ ဦးလေးကိုကြည့်တော့လည်း ဒေါသကိုချုပ်ထားရပုံ။ Chan ရဲ့မိဘတွေကတော့ KS မှန်တယ်ဆိုပဲ။ နောက်ဆုံး Chan ရဲ့မိဘတွေကပဲပြေလည်အောင်ဖြေရှင်းပေးခဲ့တော့တယ်။ မဟုတ်ရင် ဒေါ်လေး Jung နဲ့ ဦးလေး yixing သွေးတက်ရုံတင်မဟုတ် သွေးပါ အန်လိမ့်မည်။ မင်္ဂလာပွဲလဲပြီး လူလည်းရှင်းတော့
ကျန်နေခဲ့တာ Chan, KS , Chen , Baek , Kai တို့ 5 ယောက်သာ။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now