စာစဉ် ၃၃ ( ၂၃ - ၂၆ )

Start from the beginning
                                    

လျိုချန်းသည် ရီဝမ်ဝမ်အား ကြည့်လာသည် ။
“ဒါကို အစ်ကို ရီ ပဲ စဉ်းစားပါ”

ကုန်ရွှီသည် စိတ်လှုပ်ရှားစွာဖြင့် အကြံပေးလာသည် ။
“ဒီကုမ္ပဏီက ကျွန်တော်တို့ လေးယောက် ပေါင်းထောင်တာ ဆိုတော့ ‘ကောင်းကင်ကဆင်းသက်လာတဲ့နတ်သားလေးဖော်ရုပ်ရှင်ထုတ်လုပ်ရေး’ လို့ နာမည်ပေးလိုက်ရင်ရော”

ရီဝမ်ဝမ် ။  “…”

ကုန်ရွှီသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လာ၏ ။

“ဘာလဲ..မကောင်းဘူးလား ။ ‘ဖူးပွင့်လာတဲ့အမိုက်စားအလန်းစားအင်တာတိန်းမန့် ’ ဆိုရင်ရော”

ရီဝမ်ဝမ် သက်ပြင်းချလိုက်၏ ။
“ပါးစပ်ပိတ်ထား။ ငါ စဉ်းစားကြည့်လိုက်ဦးမယ်…”

ကုန်ရွှီသည် နာခံရိုကျိုးစွာဖြင့် ထိုင်ချလိုက်၏ ။
“ဟုတ်…”

အမှန်တွင် ရီဝမ်ဝမ်သည်လည်း နာမည်ပေးသည့်နေရာတွင် မတော်ပါချေ ။ တခနလောက် စဉ်းစားကြည့်ပြီးနောက် သူမ ရုတ်တရက် အတွေးပေါ်လာ သည်ကား…

မေးစေ့ကို ပွတ်သပ်လိုက်ရင်း ။
“ငါတို့ … ‘နတ်ဘုရားများခေတ်’ လို့ ပေးကြရင်ရော - ဘယ်လိုလဲ”

လျိုချန်း ။  “အရမ်းကောင်းတယ်” - အစ်ကို ရီ ဘာပြောပြော ကောင်းတယ်

ကုန်ရွှီ၏မျက်လုံးတို့  ၀င်းလက်သွားသည် ။
“၀ါး ။ အရမ်းမိုက်တယ် ။ အရမ်းကို ခန့် ညားတယ် ။
အဲ့ဒီနာမည်ကို ကျွန်တော် ကြိုက်တယ်”

ရီမူဖန်သည် တသောသောရယ်မောချလာ၏ ။
“ဒါ နဲနဲလေး မထောင်လွှားလွန်းဘူးလား”

ရီဝမ်ဝမ်သည် မျက်ခုံးတစ်ဖက် ပင့်တက်သွား၏ ။
“ဘာဖြစ်လဲ ။ ဒါဆို…နာမည်နဲ့  တကယ့်အပြင်နဲ့  လိုက်သွားပြီ”

ရီဝမ်ဝမ် ထိုသို့ ပြောလိုက်သည့်အခိုက် သူတို့ သုံးယောက်သား၏ ရင်ထဲတွင် ဒီရေလှိုင်းလုံးကြီးတို့  ရိုက်ခတ်လာကြတော့သည် ။

“ကောင်းပြီ”

……………………………………………………

စာစဉ် ၃၃၊ အခန်း ၂၄ ။  အနီရောင်အိတ် ထုတ်ပေးခြင်း

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now