စာစဉ် ၃၃ ( ၂၃ - ၂၆ )

Start from the beginning
                                    

လျိုချန်းသည် အလျင်အမြန်ပြောလာသည် ။

“မဟုတ်တာ၊ ဘာမှမဖြစ်ပါဘူး ။ ကျွန်တော် ဇာတ်ညွှန်းကို ဖတ်ကြည့် ပြီးပါပြီ - တော်တော်လေး စိတ်ဝင်စားဖို့ ကောင်း ပါတယ်”

ရီမူဖန်သည် ပေါ့ပါးစွာဖြင့် မေးလာသည် ။
“ဒါဆို ဘယ်သူက ဇာတ်လိုက်မင်းသားလုပ်ပြီး ဘယ်သူက
ဇာတ်ပို့ မင်းသားဖြစ်မှာလဲ”

ဤနှစ်ယောက်၏သရုပ်ဆောင်နိုင်စွမ်းအရဆိုပါလျှင် ဇာတ်လိုက်မင်းသားသည် သေချာပေါက် လျိုချန်းဖြစ်ပြီး
ဇာတ်ပို့ မင်းသားမှာ ကုန်ရွှီ ဖြစ်ပေလိမ့်မည် ။

ကုန်ရွှီ၏စရိုက်အရဆိုပါလျှင် သူ လျိုချန်းအား ရန်လုပ်လာပေလိမ့်မည် ။

ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။
“နှစ်ယောက်စလုံးက ဇာတ်လိုက်တွေပဲ - လျိုချန်းရဲ့စရိုက်က
အဖွဲ့ အစည်းတစ်ခုခုက သေနတ်သမားနဲ့  လိုက်တယ်။
ကုန်ရွှီက ချမ်းသာတဲ့မိဘတွေရဲ့အဖိုးတန်သားနေရာကနေ
သရုပ်ဆောင်လိမ့်မယ်…”

ရီမူဖန် ခေါင်းညိတ်ပြလိုက်သည် ။
“တော်တော်အဆင်ပြေတယ်။ သူတို့ရဲ့ဇာတ်ကောင်နေရာတွေက လိုက်ဖက်တယ် ။ အဲ့ဒီဇာတ်ညွှန်းကို ဘယ်ကရလာတာလဲ၊ ဇာတ်ညွှန်းရေးဆရာက ဘယ်သူလဲ”

ရီဝမ်ဝမ်သည် အဝေးတစ်နေရာဆီ လှမ်းမျှော်ကြည့်လာသည် ။
“နောက်တော့မှ သူနဲ့  တွေ့ ပေးမယ်”

ထို့ နောက် ရီဝမ်ဝမ်သည် ကုန်ရွှီနှင့် လျိုချန်းဘက် လှည့်ကြည့်လိုက်ပြီး သတိပေးလိုက်၏ ။
“အခု မင်းတို့ နှစ်ယောက် လုပ်ရမှာက ဇာတ်ညွှန်းကို စိတ်ပါလက်ပါနဲ့  ဖတ်ထားကြပြီး ဇာတ်လမ်းအတွက် လေ့ကျင့်ထားဖို့ ပဲ ။
မင်းတို့ နှစ်ယောက်အတွက် အထူးထရိန်နင်လုပ်ဖို့ ကို
ငါ တစ်ယောက်ယောက်ကို ပို့ ပေးမယ် ။
ကုမ္ပဏီ စာရင်းသွင်းတာနဲ့  ရုပ်ရှင်အဖွဲ့ သားတွေရှာတာကို ငါနဲ့  ဖီးလစ်ပဲ ကြည့်စီစဉ်လိုက်မယ်”

လျိုချန်း ။  “ဟုတ်ကဲ့၊ အစ်ကို ရီ”

ကုန်ရွှီ ။  “ဟုတ်ကဲ့ပါ ဆရာ”

သူတို့ လေးယောက် ဆွေးနွေးတိုင်ပင်ပြီးကြသည့်နောက် ရီမူဖန်သည် တစ်ခုခုကို အမှတ်ရမိသွားပြီး အလောတကြီးပြောလာသည် ။
“ခနလေး…အရေးကြီးတဲ့ကိစ္စကို မေ့တော့မလို့  -
ငါတို့ ကုမ္ပဏီကို ဘယ်လိုနာမည်ပေးကြမှာလဲ ။
ငါက နာမည်စဉ်းစားတဲ့နေရာမှာ သိပ်မကောင်းဘူး -
မင်းတို့ တွေပဲ စဉ်းစားကြည့်ကြ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now