Chapter-(1+2+3+4)- ညီမလေးက ကိုကို့ဆီကိုလာတာ!ညီမေလးက ကိုကို႔ဆီကိုလာတာ!

12.6K 587 24
                                    


Unicode

1

အိပ်ရာပေါ်ရှိ မိုဘိုင်းဖုန်းက အနည်းငယ်တုန်ခါလာ၏။ ထို့နောက် အသိစိတ်တို့ ဝေဝါးနေပါသော နဥ်အန်းအန်းက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဆက်သွယ်သည့်အမည်ကို ကြည့်လိုက်သည်။

"မစ္စ... ကျွန်တော် အခု သတင်းအချို့ရထားတယ်...ချင်ကျိမင်က XX ကလပ်ကို အလုပ်ကိစ္စဆွေးနွေးဖို့ ညရှစ်နာရီမှာ သွားလိမ့်မယ်။ တကယ်လို့ မစ္စ သွားတွေ့မယ်ဆိုရင် သူ့ကို သတ်ဖို့ ပြင်ဆင်သွားနိုင်ပါတယ်"[ NK note / သတ်ဖို့ဆိုတာကလေ ကြွေသွားအောင် လုပ်တာလိုမျိုးပါ]

မှ : သခွားသီး

သောက်ကျိုးနည်း!

နဥ်အန်းအန်းက သူမဆံပင်ကို ဆောင့်ဆွဲလိုက်ရင်း ကြောင်တောင်တောင်ဖြင့် ထိုင်ချလိုက်မိသည်။

သို့သော် သူမရဲ့ပတ်ဝန်းကျင်ကို သတိထားမိချိန်တွင်တော့ အလျင်အမြန်ပင် ထရပ်မိလိုက်၏။

ဘာလဲ? သူမက လေယာဥ်ပေါ်မှာလေ? ဒါက ဘယ်နေရာကြီးတုန်း?

ပြီးတော့ ရှိသေးတယ်! လေယာဥ်က လှုပ်ခါနေပြီး Oxygen maskတွေပါ ပြုတ်ကျလာတယ်။ ပြီးတော့ လေယာဥ်က လုံးဝ ထိန်းမရတော့ဘူး။

အဲ့တာပြီးတော့...?

နဥ်အန်းအန်းရဲ့ နှလုံးသားလေးမှာ ပြင်းထန်စွာ တုန်ခါသွားလေ၏။ သူမ၏ အိပ်ချင်မူးတူးစိတ်ပင် ပျောက်ကွယ်သွားရပြီး အိပ်ရာပေါ်၌ ကပ်တွယ်နေပါသောသူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည်။

ပတ်ဝန်းကျင် ကို လျင်မြန်စွာကြည့်ပြီးနောက် သူမအပြင် မည်သူမျှမရှိကြောင်း အတည်ပြုလိုက်နိုင်သည်။ ထို့နောက် ဖုန်းကို ကောက်ဖွင့်လိုက်၏။

လက်မကိုသုံးကာ screen lock ဆွဲဖွင့်လိုက်သည့်အခါ ခဏတွင်းပင် ပွင့်သွားသည်။ သူမသည် massage ကို ဖတ်ပြီးသည့်အခါတွင်တော့ ရှုပ်ထွေးမှုများဖြင့် နစ်မြုပ်သွားရသည်။

သူမက စာအုပ်ထဲကို ရောက်သွားသည်။ သူမဝင်ရောက်သွားသည့် စာအုပ်မှာ သူမဖတ်ရှုထားပြီး ဖြစ်သည့် " Battleman's Wife's Wife Everyday " စာအုပ်ပင် ဖြစ်သည်။ ထို့နောက် ဗီလိန်Boss ဟောက်ယန်ရှောင်၏ မွေးစားညီမ ဖြစ်လာခြင်းပင်...။

ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေး ကိုကိုဗီလိန်ရဲ့ ချစ်လှစွာသော ညီမလေးWhere stories live. Discover now