”ငါမသိဘူး”
အန်းဟာ တကယ်လည်းမသိပါ အစီအရင်လုပ်မည်ဆိုတာသာ သိခဲ့ပေသည်။
”တကယ်က ငါ့ညီကပြောခဲ့တယ် မင်းကြီးကို အတိတ်မေ့အောင်လုပ်ပေးပါလားတဲ့ ပြီးတော့ မင်းကြီးကို ဒီနန်းတော်နဲ့အဝေးဆုံးကိုခေါ်သွားမယ်တဲ့ အဲဒါသူ့ရဲ့ဆန္ဒပဲ တကယ်တော့ ငါ့ညီက မင်းကြီးကို တကယ်ချစ်ခဲ့တာ”
ဖန်လီ ပြောရင်းပြုံးလိုက်မိသည်။ တကယ်တော့ အချစ်ဆိုတာ မချစ်သင့်တဲ့လူကိုပါ ချစ်သွားမိပါလား ဆိုတာလေးကို ပြုံးမိခြင်းပါ။
----------------------------------------------------------
” ဖေမုရုံ မင်းအဆင်ပြေရဲ့လား”
အန်းဟွာ ထမင်းမစားဘဲ အစာအငတ်ခံနေနေသော ဖေမုရုံကိုကြည့်ရင်း သက်ပြင်းချမိသည်။ အမှန်လဲ ဖေမုရုံ စိတ်ထိခိုက်နေမည်မှာ အမှန်ပင် ဖေမုရုံဘက်မှာရှိတဲ့လူက အစ်မဖြစ်သူ ချန်ဝမ်ပဲရှိသည်မဟုတ်ပေလား။
”စိတ်မကောင်းမဖြစ်ပါနဲ့ ဖေမုရုံ ။ ရှင့်ရဲ့အပြစ်မှမဟုတ်တာ ပြီးတော့ရှင်ပါလဲသွားရင် ရှင့်တူလေးဘယ်လိုလုပ်မလဲ”
ရှင်းရှင်းပြောလိုက်ခြင်းသာ မင်းကြီးအနေနဲ့မင်းသားလေးကို တစ်ချက်မှပင်လာမကြည့်ခဲ့ပေ အစီအရင်ပြယ်ပြီး တာတောင်မှပေါ့။
”မင်းတို့ရှိတာပဲ မှတ်လား ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားလေးကိုတော့ မင်းတို့ စောင့်ရှောက်မယ်မှတ်လား”
ဖေမုရုံတစ်ယောက် မဲ့ပြုံးပြုံးပြီးဆိုလိုက်သည်။ အနည်းဆုံးတော့ မင်းသားလေးမှာ ချစ်မယ့်လူရှိသေးသည်လေ။
”ဘာလို့ ဒီစကားကို လွယ်လွယ်ပြောရက်တာလဲ”
”မင်းကြီး”
အန်းဟွာနှင့် ရှင်းရှင်းတို့ပြိုင်တူ ခေါ်လိုက်ခြင်းပါပင်။
”ခဏလောက်အပြင်ထွက်ပေးပါလား”
လီဖန်းပြောလိုက်ခြင်းပါပင်။ သူ့မှာ ဖေမုရုံနှင့်နှစ်ယောက်ထဲ ပြောစရာတွေ အများကြီးရှိလေသည်။
![](https://img.wattpad.com/cover/187620994-288-k643444.jpg)
STAI LEGGENDO
အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]
Narrativa Storicaအမုန်းဆုံးဟုသတ်မှတ်ခဲ့ဖူးသော ကိုယ့်ရဲ့အချစ်ဆုံးလူ မင်းဟာကိုယ့်ရဲ့မရှိမဖြစ်နေရောင်ခြည်လေးပါ မင်းအပေါ် ကိုယ်ရက်စက်ခဲ့တာတွေအတွက် ပြန်ပေးစက်ဖို့ အဆင်သင့်ပါ ချစ်သူ။ 2.7.2019-30.11.2020 Uni Cover~Zeno kam(သားထူး) အမုန်းဆုံးဟုသတ်မှတ်ခဲ့ဖူးသော ကိုယ့်ရဲ့အချစ...
အပိုင်း(45)
Comincia dall'inizio