ညဝတ်အင်္ကျီကိုမှ အထက်အောက်အဝါရောင်ပိစိလေးနှင့် ချစ်ဖို့ကောင်းနေသောမြေးဖြစ်သူကို အဖိုးရဲ့လက်တွေထဲ Jungkook ထည့်ပေးလိုက်သည်။ သွက်လက်နေသည့် Jungminတို့ကတော့ ဖိုးဖိုးရဲ့အသည်းတုန်လေးပင်။

"မင်းတို့ ဘယ်အချိန်ထိအိပ်နေတာလဲ စောစောပြင်ဆင်ထားမှပေါ့"

"အချိန်ရပါသေးတယ် ဒယ်ဒီကလည်း"

မျက်နှာချင်းဆိုင်မှာ Jungkookနဲ့အတူ ဝင်ထိုင်လိုက်ရင်း ဖြေလိုက်သည်။ ဒီနေ့က သူတို့နှစ်ဦးရဲ့တရားဝင်လက်ထပ်ပွဲကျင်းပမည့်နေ့ဖြစ်ပေသည်။ ထို့အတွက်ထင်ပါရဲ့ ဒယ်ဒီတို့ကတော့ အစောကြီးကြိုလို့ပင် ရောက်ရှိလာသည်။

"Jungminလေးအတွက်ပါ ဝတ်စုံအပ်ထားတယ်"

"ချစ်ဖို့ကောင်းနေတော့မှာပဲ"

ဖိုးဖိုးလက်တွေပေါ်မှာ ငြိမ်ငြိမ်လေးရှိနေသည့်သားကိုကြည့်ပြီး Jiminပြုံးလိုက်မိသည်။ အိပ်ရာနိုးကာစဆိုပေမဲ့ သွက်လက်မြူးထူးနေသည့်သားက သူတို့အားလုံးကို လှည့်ပတ်ကြည့်ကာ စကားတွေလိုက်ပြောလို့နေမြဲပင်။

"သားက နေပါ့မလား"

"မနေလည်း ခဏတဖြုတ်တော့ဝတ်ပေးရမှာပေါ့ ဓာတ်ပုံရိုက်တဲ့အချိန်လေးပဲဖြစ်ဖြစ်"

ပြောလည်းပြော အိပ်လည်းအိပ်ချင်တာမို့ Jungkookရဲ့ ပခုံးထက်ဆီ ခေါင်းတင်လိုက်သည်။ နဖူးပေါ်ဝဲကျလာသည့် ဆံပင်တွေကို Jungkookက ချက်ချင်းဆိုသလို သပ်တင်ပေးလေသည်။

"လုပ်လုပ် ပြင်စရာရှိတာပြင်ရအောင်"

"ဒယ်ဒီကလည်း ရောက်ဖို့လိုပါသေးတယ်"

Jungkookပခုံးပေါ်က မရွေ့ဘဲမျက်စိမှိတ်လျက်သား ဆိုလိုက်သည်။ အိပ်ချင်သေးပါတယ်ဆို။

"ဒီကောင်လေးဟာလေ"

ဖခင်ဖြစ်သူရဲ့ ဆူဆူပူပူစကားသံတွေကိုနားထောင်ရင်း Jimin ပြုံးနေမိသည်။ မိသားစုဆိုတာ ဒီလိုမျိုးလေးထင်ပါရဲ့။

"ဒယ်ဒီတို့ တခုခုသောက်ဦးမလား မနက်စာဖြစ်ဖြစ်ပြင်လိုက်မယ်"

အသားမကျသေးပေမဲ့ Jiminမှာထားသလိုပင် ဒယ်ဒီဟုခေါ်လိုက်သည်။ အထူးအဆန်းဖြစ်သွားပုံပေါ်ပေမဲ့ မနေတတ်တာမို့ထင် သားရဲ့အဖိုးက Jungkookအား တချက်သာကြည့်ပြီး မျက်နှာလွှဲသွားသည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now