Make you Mine

21.3K 2K 176
                                    

"ဝှါး"

မက်​မွန်​သီးရဲ့အလိုကျ ညစာလိုက်​ကျွေးပြီးတဲ့​နောက်​မှာ Jungkookတစ်​ယောက်​အ​တော်​လေးစိတ်​ပင်​ပန်းသွားရှာသည်​ထင်​ပါရဲ့။တဝှါးဝှါးသန်း​နေပြီမို့ ဖြစ်​သလိုအိပ်​ရန်​အိပ်​ခန်းထဲက​ခေါင်းအုံးယူဖို့ ဝင်​လာခဲ့သည်​။

မက်​မွန်​သီးကို​တော့ မ​တွေ့ရ။​ကိုယ်​လက်​သန့်​စင်​နေတာ ဖြစ်​မှာ​ပေါ့။အဲ​နေပါဦး​ခေါင်းအုံးကနှစ်​လုံးဖြစ်​နေပါလား။Jungkook​ခေါင်းကုတ်​ကာစဉ်းစားလိုက်​သည်​။

အမှန်​ဆို တစ်​ညတာကုန်​ဆုံးဖူးတဲ့မိန်းမ​တွေကို​တောင်​အိပ်​ရာ​ပေါ်​ပေးအိပ်​ဖူးတာမဟုတ်​။မထင်​ရဘူးမလား ဒါ​ပေါ့ဗျာ မဖြစ်​နိုင်​ဘူးလို့လဲ​တွေးကြမှာ​ပေါ့ တကယ်က sexလုပ်​ပြီးရင်​ပင်​ပန်းလို့အိပ်​ပျော်​တာမျိုး Jeon Jungkookရာဇဝင်​မှာမရှိ။

ကိစ္စပြီးပြတ်​တာနဲ့ မူလအစ​နေရာမှာ ပြန်​ထားတတ်​တဲ့ လူစားမျိုးမို့ ဂဂျိုးဂ​ဂျောင်​နိုင်​တယ်​ပြောလျှင်​လည်း မငြင်းပါ။အခုလို​ခေါင်းအုံးသက်​သက်​ယူလာ​တော့လည်း​ကောင်းတာ​ပေါ့။

အဖြူလိုလို အပြာလိုလို​အ​ရောင်​နုနဲ့ခေါင်းအုံးက မက်​မွန်​သီးဟာဖြစ်​နိုင်​တာမို့ မိမိ​ခေါင်းအုံးကိုပဲဆွဲယူကာ ဧည့်​ခန်းဘက်​ကို ပြန်​ထွက်​ကာ တချိုးတည်းလှဲချပစ်​လိုက်​သည်​။

သိပ်​စိတ်​ပျက်​စရာ​ကောင်းတဲ့ ညပါပဲ။

ရုတ်​တရက်​တစ်​စုံတစ်​ခုကိုသတိရသွားကာ ငုတ်​တုတ်​ထထိုင်​လိုက်​ပြီး အိပ်​ခန်းဘက်​ကိုတချက်​ခိုးကြည့်​လိုက်​သည်​။မီး​ရောင်​ခပ်​ဖျော့​ဖျော့လင်း​နေဆဲ ဖြစ်​တာမို့ သက်​ပြင်းအသာချလိုက်​သည်​။

ဒင်း ဗိုက်​ကိစ္စ​ကြောင့်​ဟိုဒင်းဟိုဟာ​တောင်​မပြီးလိုက်​ရဘူး​လေ။Prismကိုလည်း စိတ်​ရှုပ်​ရှုပ်​နဲ့ဘယ်​လိုပြန်​လွှတ်​လိုက်​လဲ မမှတ်​မိ​တော့။အခု​နေ စိတ်​ဖြေစရာလည်းဘာမှမရှိ​တော့တာမို့ အိပ်​ဖို့သာမဲတင်းရုံရှိသည်​။

မျက်​လုံး​တွေကို မှိတ်​လိုက်​တော့ အိပ်​ခန်းဆီကပျံ့လွင့်​လာတဲ့​တေးသွားတစ်​ခုကိုကြားလိုက်​ရသည်​။တကယ်​ကို တိုးတိုး​လေးဆို​ပေမဲ့ တစ်​အိမ်​လုံးမှာနှစ်​ယောက်​တည်းရှိသည့်​အပြင်​အခန်းတံခါးလည်းဖွင့်​ထားတာမို့ထင်​ပါရဲ့​တေးသွားကို​သေ​သေချာချာကြား​နေရသည်​။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now