"Jungkook!"
အိပ်ခန်းဆီကအော်သံကြောင့် လှီးလက်စသစ်သီးနဲ့ဓားကိုပစ်ချလိုက်ပြီး ဘာများဖြစ်သလဲဆိုသည့်အတွေးဖြင့် တက်သုတ်ရိုက်ပြေးသွားလိုက်သည်။
"ဘာလို့လဲ ဘာဖြစ်လို့လဲ"
အခန်းထဲဝင်ဝင်ချင်းမှာပဲ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာရပ်နေတဲ့လုံးလုံးလေးကို ဘေးမသီရန်မခဘဲ တွေ့လိုက်မှ စိတ်ကအေးသွားရသည်။
"ဘာဖြစ်လို့လဲ"
"အီးဟီးဟီး"
ရုတ်တရက်ကြီးငိုချလိုက်တာမို့ Jungkookပြူးပြူးပြာပြာ ဖြစ်သွားရသည်။ ချက်ချင်းဆိုသလို ထိုomegaလုံးလေးနားရောက်သွားကာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့။
"ဘာဖြစ်တာလဲပြောလေ ဗိုက်နာလို့လား တခုခုနဲ့ခိုက်မိထားလို့လား"
"မဟုတ်ဘူး အီးဟီးဟီး"
မျောက်မီးခဲဖင်ခုထိုင်ထားရသလို ဆိုတဲ့စကားပုံက ယခုအချိန်သူနှင့်အလိုက်ဖက်ဆုံးပင်။
"ပြောလေ ပြောမှသိမှာပေါ့ နေမကောင်းလို့လား ဗိုက်ဆာလို့လား ရှူးပေါက်မလား အပြင်ထွက်ချင်လို့လား "
"မဟုတ်ဘူး ဟိုမှာကြည့်ဦး"
မှန်ကိုလက်ညှိုးနဲ့ထိုးပြနေတာမို့ Jungkookခမျာယောင်နနနဲ့လိုက်ကြည့်မိသည်။ ဘာလဲ မှန်မှာ အကောင်တစ်ကောင်ကောင်များ ကပ်နေလို့လား။ ဘာမှလဲမရှိပါဘူး။
"ဘာဖြစ်လို့လဲ"
"သေချာကြည့်လေ"
"အင်းလေ ကြည့်နေတာပဲ"
Jungkook ဖင်ပြန်ခေါင်းပြန် မှန်ကိုကြည့်ပေမဲ့ သူ့မျက်လုံးထဲသူတို့ပုံကလွဲပြီး ဘာမှရှိမနေ။ သရဲခြောက်လို့များလား မဖြစ်နိုင်တာတွေ။
"ဒီမှာ ဒီမှာကြည့် ငါ ပိုဝနေပြီလို့"
မှန်ကိုတတောက်တောက်ခေါက်ပြီး ပြောပြနေတဲ့ ထိုမက်မွန်လုံးလေးရဲ့ စကားအဆုံးမှာတော့ Jungkookနံဘေးမှ ကျီးကန်းတွေတအအနဲ့ ဖြတ်ပျံသွားလေသည်။
"PARK JIMIN!!"
"ဘာလဲ"
တကယ်ကိုဆွဲဆောင့်ချင်စရာလေးပင်။ သူ့မှာတော့ စိုးရိမ်လိုက်ရတာ စိတ်ပူလိုက်ရတာ။ ထိုကောင်လေးကတော့ မြင်တဲ့အတိုင်း ပေါက်တိပေါက်ရှာအကြောင်းပြချက်တွေနဲ့ လူကိုအရူးလုပ်နေသည်။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)