ဘယ်လိုများလီလျိုကသူ့ကိုသတိမထားမိပါ့မလဲ..သူအခန်းတစ်ခု၏တံခါးရှေ့သို့ရောက်သည်နှင့်သူ့ခြေလှမ်းများကိုရပ်တန့်လိုက်ပြီးအထဲသို့တိုက်ရိုက်ပင်ဝင်သွားကာတံခါးကိုချက်ချင်းပိတ်ချလိုက်တော့သည်။

ချင်ယုမှာတံခါးနှင့်တိုက်မိလုနီးပါးပင်, "......."

လီလျိုကအခန်းကိုလှည့်ပတ်ကြည့်လိုက်ရင်းသူ့ကံကအလွန်ကောင်းနေသည်ကိုတွေ့ရှိလိုက်သည်။အထဲမှာအိပ်ခန်းတစ်ခုရှိနေပြီးသူလိုအပ်သမျှကိုအလွယ်တကူရရှိနိုင်သည်။အခန်းနေ့တိုင်းသန့်ရှင်းရေးလုပ်ထားသော်လည်းဒီအခန်းထဲမှာဘယ်သူမှမနေသလိုမျိုးတစ်စုံတစ်ယောက်သုံးထားသည့်အစအနတစ်စက်တောင်မရှိသောကြောင့်အခန်းကိုသုံးမယ့်သူမရှိဘူးဆိုတာမြင်နိုင်လေသည်။

လီလျိုကဒီညတော့ဒီမှာပဲနေဖို့ဆုံးဖြတ်ချက်ချလိုက်လေ၏။သူကချင်ယုကိုဝင်ခွင့်ပေးဖို့အဆင်သင့်မဖြစ်သေးသောကြောင့်ချင်ယုကခဏလောက်နေပြီးရင်သူလုပ်သည့်လုပ်ရပ်များကိုနားလည်လိုက်ပြီးထွက်ခွာသွားလိမ့်မယ်လို့မှတ်ယူလိုက်သည်။

လီလျိုကလင်ရိုယန်နှင့်အပြင်ဘက်တွင်နာရီအနည်းငယ်လမ်းလျှောက်နေခဲ့သော်လည်းအခုချိန်ထိချင်ယုနှင့်ပတ်သတ်ပြီးဘာဆက်လုပ်ရမလဲဆိုတာမသိသေးပေ။သူ့အတွက်ကချင်ယုရဲ့ချစ်ခင်မြတ်နိုးမှုကိုတိုက်ရိုက်လက်ခံဖို့ကတော့မဖြစ်နိုင်ဘူးဖြစ်နေသည်။သူကအခုချိန်ထိသူ့ကိုယ်သူအမျိုးသမီးတွေကိုပဲကြိုက်တယ်လို့ခံစားနေရဆဲဖြစ်ပြီးချင်ယုကသူ့ကိုချစ်တယ်ဆိုတာနဲ့သူကချင်ယုကိုတူညီသည့်ခံစားချက်တွေကိုပြန်ပေးဖို့ကတော့မဖြစ်နိုင်ပေ။

လီလျိုကသူ့အပြင်ဝတ်ရုံကိုချွတ်လိုက်ပြီးအခန်းတွင်းမှာရှိသည့်အိပ်ယာပေါ်မှာလဲလျောင်းလိုက်ရင်းအမှောင်ထဲမှာမှုန်ဝါးဝါးမြင်နေရသည့်အပြင်ဘက်တံခါးမှာမတ်တပ်ရပ်နေသောချင်ယုရဲ့အရိပ်ကိုကြည့်နေလိုက်သည်။လီလျိူကသူ့မျက်လုံးတွေကိုဖွင့်လိုက်ပြီးခဏမှအနီးကပ်ကြည့်လိုက်ရင်းဖြင့်သူ့ရင်ထဲမှာစိတ်အနှောင့်အယှက်တစ်စုံတစ်ရာကိုခံစားနေရသည်။သူကရိုးရှင်းစွာပဲသူ့ခန္တာကိုယ်ကိုတစ်ဖက်လှည့်လိုက်ရင်းချင်ယုကိုဆက်မကြည့်တော့ပေ။လီလျိုကသူ့မျက်လုံးများကိုမှတ်ထားလိုက်သည်။သူ့ရင်ထဲမှာအရမ်းကိုရှုပ်ထွေးနေသလိုခံစားနေရသော်လည်းခဏမှအကြာတွင်တော့သူသည်တဖြည်းဖြည်းအိပ်ပျော်သွားခဲ့လေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now