စာစဉ် ၃၃ ( ၇ - ၁၂ )

Start from the beginning
                                    

ချိုင်းယုံရှန်းက ငါ ကြိုးစားထားသမျှကို ဖြတ်ခုတ်သွားတဲ့အပြင်ကို ကုန်ရွှီရဲ့ နာမည်ကြီးတဲ့အပေါ်မှာ ၀င်အချောင်ခိုပြီး သူ့ ရဲ့ကိုယ်ပိုင်သရုပ်ဆောင်ကိုပါ ခေါ်ချလာတယ်ပေါ့လေ ။

ကောင်းလိုက်တဲ့ အကြံပါလား ။

"ငါ အခုချက်ချင်း လာခဲ့မယ်"

ရီဝမ်ဝမ် ပြောပြီးချက်ချင်းပင် ဖုန်းချပစ်လိုက်၏။

"၀မ်ဝမ်...ဘာဖြစ်လို့ လဲ" ရီမူဖန် စိုးရိမ်သွား၏ ။

ရီဝမ်ဝမ် ။ "ချိုင်းယုံရှန်းက လူစီယန်းကို ခေါ်လာပြီးတော့ ဗျူးတီးကာဗာမှာ ၀င်ရိုက်ခိုင်းနေတယ်"

ရီမူဖန် ။ "ဘာ...။ အဲ့ကောင်က မိုက်ရိုင်းလှချည်လား"

ရီဝမ်ဝမ် ။ "ညီမလေး သွားကြည့်လိုက်ဦးမယ်။
စိတ်ပူမနေနဲ့ နော်၊ ကိုကို လုပ်စရာရှိတာကိုသာ လုပ်နေ"

....

ဗျူးတီး မဂ္ဂဇင်း ကုမ္ပဏီအဆောက်အဦး၊ စတူဒီယိုထဲတွင် ။

"အစ်ကို ရီ" ရီဝမ်ဝမ်ကို မြင်လိုက်သည်နှင့် ချိုင်းယုံရှန်းနှင့် စကားများ ရန်ဖြစ်နေသည့် ကုန်ရွှီသည် ချက်ချင်းပင် ပြေးတိုင်တော့သည် ။

"အစ်ကို ရီ...ကျွန်တော် ဒီမဂ္ဂဇင်းနဲ့  မရိုက်နိုင်တော့ဘူး ။
ကျွန်တော် အိမ်ပြန်တော့မယ်"

လျန်ချုံးသည် ရီဝမ်ဝမ်ကို မြင်လိုက်သည်နှင့် အံ့အားသင့်သွားလေဟန် တမင်လုပ်ပြလိုက်၏ ။
"ဟောဗျာ...ဒါရိုက်တာ ရီ...ဘယ်လိုဖြစ်ပြီးတော့ လူကိုယ်တိုင် ရောက်ချ လာရတာလဲဗျာ"

ရီဝမ်ဝမ်သည် ကုန်ရွှီအား ပါးစပ်ကိုထိန်းထိန်းသိမ်းသိမ်း ပြောဖို့  သတိပေးသည့် အကြည့်တစ်ချက် အရင်ဆုံး ပေးလိုက်၏ ။ ဒီနောက်၊ လျန်ချုံးဘက်သို့ လှည့်လိုက်ပြီး လိုရင်းကိုတည့်တည့်ပြောလိုက်သည် ။

"အယ်ဒီတာချုပ် လျန်း...ကျွန်တော် မှတ်မိတာမမှားရင် ကုန်ရွှီကို ကာဗာမှာသုံးဖို့  ကျွန်တော်တို့  သဘောတူထားခဲ့ကြတာမလား"

လျန်ချုံး၏မျက်လုံးထဲ အလင်းရောင်တစ်ချက် ပြိုးပြက်သွားပြီး ပေါ့ပါးစွာပင် ပြောဆိုလာသည် ။
"ဒါရိုက်တာ ရီ...အာ မဟုတ်သေးဘူး - ကျွန်တော် ခင်ဗျားကို ဒုဥက္ကဌ ရီ လို့  ခေါ်ရတော့မှာပဲ ။ ခင်ဗျား ရာထူးတိုးခံရတာကို ကျွန်တော် ဂုဏ်မပြုရသေးဘူး ။ ဒီလိုပါဗျာ...ကျွန်တော်ဘက်က ကုန်ရွှီကို ကာဗာမှာ ထည့်ရိုက်မယ်လို့  ပြောခဲ့ပေမယ့်လို့  တခြားလူနဲ့ တွဲမရိုက်ဘူးလို့တော့ ကျွန်တော် မပြောခဲ့ဘူးလေဗျာ၊ ဟုတ်တယ်မလား"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now