Chapter 13

7K 880 163
                                    


1year later...

အခုဆို ကျွန်တော် လန်Groupရဲ့ ဆက်ခံသူဖြစ်လာဖို့ အချိန်တောင် သိပ်မလိုတော့ဘူးလို့ ပြောရမယ်...။ နာကျည်းချက်တွေ‌ကြောင့် ပါးလို့ မခေါ်ခဲ့တဲ့ လန်သခင်ကြီးကို အမုန်းတွေ ဖြည်းဖြည်းချင်း လျှော့ချလိုက်ချိန်ကြမှ အခုပါးလို့ခေါ်နိုင်ခဲ့ပြီ...။ ပါးလည်း အသက်ကြီးပြီး အနားယူတော့မှာကြောင့် အလုပ်တွေအားလုံး ကျွန်တော့်ကိုပဲ လွှဲထား‌တော့တယ်...

Xiaozhan အတွက် ကျွန်တော်ကတိပေးထားတဲ့အတိုင်း ကိတ်မုန့်ဆိုင်လည်း ဖွင့်ပေးနိုင်ခဲ့တယ်...။ ကုမ္ပဏီအလုပ်ကို နည်းနည်းမှ စိတ်မဝင်စားတဲ့ကောင်လေးက သူ့အဖေကိုတောင် ဆက်ခံသူကို ကျွန်တော့်ကိုမပေးဘဲ သူ့ကိုပေးရင် ကုမ္ပဏီဒေဝါလီခံရအောင် လုပ်ပစ်မယ်ဆိုပြီး သူ့အဖေခမျာ ခြိမ်းခြောက်ခံနေရရှာတာ...

ပြီးရင် ကပ်ကပ်‌ပြောသေးတာ...နောက်ဆို သူ့ယောင်္ကျားက လန် Group ရော Xiao Groupပါ အုပ်ချုပ်ရတော့မယ့်သူမို့ သူ ဘာမှမလုပ်ပဲ ထိုင်စားလို့ရပြီက ပါသေးတာ...

အခုလည်း ကျွန်‌တော်အလုပ်ထိုင်လုပ်နေတုန်း မိုးရွာလာပြီမို့ ထီးယူပြီး ခြံနောက်ဘက်ထဲမှာ ပန်းတွေနဲ့ အလုပ်ရှုပ်နေမယ့် Xiaozhan ကိုသွားခေါ်ဖို့ ထွက်လာခဲ့လိုက်ရသည်...။ သူက ဘယ်လိုကောင်လေးလဲပဲ...ကိတ်မုန့်တွေဖုတ်လိုက်...မုန့်တွေလုပ်လိုက်...မဟုတ်ရင်လည်း အဝါရောင်စံအိမ်ရဲ့ အနောက်ဘက်ဝင်းထဲမှာ နှင်းဆီတွေ...ဒါမှမဟုတ်ရင် တခြားပန်းတွေ အားတိုင်းထိုင်ထိုင်စိုက်ပြီး ပန်းခင်းကြီးလုပ်ရတာကို သိပ်သဘောကျတတ်တဲ့ နူးနူးညံ့ညံ့ကောင်လေးမျိုးပါပဲ...

" Xiaozhan...မိုးတွေရွာနေပြီ...အိမ်ထဲသွားမယ်လာတော့..."

သူ့နားပြေးသွားပြီး ထီးသွားမိုးပေးထားလိုက်ရတယ်...။ ဒါတောင် ကိုယ်တော်ချောက မဝင်ချင်တဲ့ပုံစံနဲ့...နှုတ်ခမ်းတစ်တောင်လောက်ဆူပြီး ထရပ်လာတာ...

" အခုမှ နည်းနည်းလေးရွာသေးတာကို..."

" အင်းလေ...ခဏနေ အများကြီးရွာတော့မှာမို့ လာခေါ်တာ...။ ပြီးရင် ခြေထောက်ကိုက်တယ်လုပ်ဦးမယ်...လာ...။ အဲ့ပန်းတွေ ထားခဲ့တော့...မိုးတိတ်မှ ကိုယ်ပါဝိုင်းလုပ်ပေးမယ်..."

Endless Flowers [Completed]Where stories live. Discover now