Chapter 10

7K 931 289
                                    


ဖုန်းကိုကြည့်နေတုန်း ရေချိုးခန်းထဲက ရေသံရပ်သွားတာကြောင့် ဖုန်းကို ပြန်ချထားလိုက်တော့ပြီး ခုနကလို ပြတင်းပေါက်နားပဲ သွားရပ်နေလိုက်တော့တယ်...

Bathrobe အဖြူနဲ့ထွက်လာတဲ့ကောကို မြင်မြင်ချင်း ပြုံးပြလိုက်ရတယ်...။ ခေါင်း‌ရေစိုကိုသုတ်ရင်းနဲ့ ထွက်လာတဲ့ကောက ကျွန်တော့်ကို မြင်တော့ အံ့ဩသွားပုံပင်...

ကျွန်တော့်နားလျှောက်လာပြီး စကားလာပြောနေတာမို့ ပုံစံမပျက်အောင် သတိထားနေလိုက်ရသည်...။ အခုအခြေအနေက ဘာမှန်းမသိနိုင်သေးဘူးလေ...

" ကျန့်ကျန့် အစောကြီး ပြန်ရောက်နေတယ်..."

" အင်း...ပါးက ဒီနေ့စောစောပြန်လို့ရတယ်ဆိုတာနဲ့ ဈေးဝင်ဝယ်ပြီး ပြန်လာလိုက်တာ..."

" ကောင်းသားပဲ...ဒါဆို ကောအင်္ကျီလဲလိုက်ဦးမယ်...ပြီးရင် ညစာချက်ပေးမယ်နော်...။ မင်းရေချိုးရင် သွားချိုးတော့လေ..."

" မချိုးသေးဘူး...ကောအင်္ကျီလဲတာကြည့်ဦးမယ်..."

" အယ်...ဘာကြည့်မှာလဲ..."

" အော် ကိုယ့်ယောင်္ကျားကိုယ်ကြည့်တာပဲ...ကျွန်တော် ကူလဲပေးမယ်လေ..."

ကော Bathrobe ကြိုးကိုဖြည်ဖို့ လုပ်လိုက်တာနဲ့ ကျွန်တော့်လက်နှစ်ဖက်လုံးကို ဆတ်ခနဲချုပ်ကိုင်လိုက်ကာ စိတ်တိုသွားတာလားပဲ...။ အသံတော်တော်မာသွားတာမို့ လန့်တောင်လန့်သွားမိတယ်...

" ကိုယ့်ကို အဲ့လိုမလုပ်နဲ့ မကြိုက်ဘူး...အိန္ဒြေရရနေနော်..."

လက်ကို စောင့်ရုန်းလိုက်ပြီး အခန်းပြင်ပဲ ထွက်လာလိုက်တော့တယ်...။ ကောကို အဲ့လိုလုပ်တိုင်းစိတ်ဆိုးနေကျပဲမို့ အထူးအထွေလည်း ပြောမနေချင်တော့ဘူး....။ ကျွန်တော့်ရည်ရွယ်ချက်က အင်္ကျီကူလဲပေးရင်း စကားအစ်ချင်လို့ပါဆိုမှ...


မရတော့လည်း နောက်တစ်နည်းအနေနဲ့ ကောပြန်ထွက်မလာခင် ခြံထဲထွက်လာလိုက်ပြီး ခြံဘေးကနေ အိမ်ထဲကို မြင်နိုင်တဲ့ ပြတင်းပေါက်နားမှာ သွားပုန်းနေလိုက်ကာ ‌ကောလှေကားက ဆင်းလာမှာကို စောင့်ကြည့်နေလိုက်တယ်...

Endless Flowers [Completed]Where stories live. Discover now