Chapter 5

6.6K 954 132
                                    


ဒီနေ့တော့ အရမ်းအရမ်းကို ပင်ပန်းရသောပါပဲ...။ ရေကူးသင်ရတာ အဲ့လောက်ခက်မယ်မှန်းသိရင် အစထဲက မသင်ခဲ့ဘူး...ခုတော့ Yiboရဲ့ ငြင်သာမှုတွေကြောင့် ကန်ဘောင်ပေါ်တောင် မနည်းကုပ်ကပ်တက်နေရပြီ...

" ဟေ့ ဘာလို့ပြန်တက်မှာလဲ ဆင်းဦး..."

" အားးး... Wang Yibo ငါ မကူးနိုင်တော့ဘူး...နားဦးမယ်..."

" အခုမှ တစ်နာရီလောက်လေး ကျင့်ရသေးတာကို...မရဘူး သွားကူးဦး..."

တော်တော်စိတ်တိုဖို့ကောင်းတဲ့ ဆရာပဲ...။ တစ်နာရီဆိုတာ နည်းလား...သူကျတော့ အပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နေပြီး.. ကျွန်တော့်ကိုကျ‌တော့ တက်လာတာနဲ့ ရေထဲပြန်ပြန်တွန်းချနေတယ်...

" ဒီတစ်ခေါက် ဟိုဖက်ကမ်းထိ ကူးသွားပြီးလို့ ဒီဖက်ပြန်လာနိုင်ရင် ပေးနားမယ်..."

" ငါစိတ်တိုလာပြီနော်...‌မင်းကို ကောနဲ့တိုင်မယ်..."

" တိုင်လေ...ကောက ငါ့ကို ဒီနေ့အတတ်သင်ပေးဖို့ လက်လွှဲပြီးသားပဲ...။ ကူးတတ်နေပြီပဲကို ပြောနေတာကြာတယ် မြန်မြန်သွားကူး...တက်လာကြည့် ပြန်တွန်းချမှာနော်..."

" ‌ငါ အပေါ်ရောက်လို့ကတော့ တွေ့မယ်..."

ခေါင်းပဲခါပြလိုက်ပြီး သူဟိုဖက်ထပ်ကူးသွားတာကို ထိုင်ပဲကြည့်နေလိုက်တော့တယ်...။ ဘယ်ဆိုးလို့လဲ  သင်လိုက်တော့လည်း တတ်တာမြန်သားပဲ...

သူက ကျွန်တော့်ကိုဆို မကြောက်သလို ရိုသေမှုလည်း မရှိတာမို့ ဒီနေရာမှာတော့ အကျင့်ကိုယုတ်ပစ်ဦးမယ်...။ ထိုင်ကြည့်နေတုန်း တဝုန်းဝုန်းနဲ့ ဒီဖက်ပြန်ကူးလာပြီမို့ လက်လှမ်းပေးပြီး ဆွဲတင်လိုက်ရတော့သည်...

" ဟိုက်...ငါသေတော့မယ်ထင်တယ်..."

" ဟေ့ ဘယ်နေရာ လာထိုးအိပ်နေတာလဲ...ထ ရေစိုနဲ့ကို ဖျားမယ်..."

အပေါ်ရောက်တာနဲ့ မောတယ်ဆိုပြီး ကြမ်းပြင်ပေါ်ထိုးလှဲချသွားတာမို့ အတင်းကို ဆွဲထူနေရပြီ...

" ထပါဆို...အဝတ်သွားလဲဦး..."

" မထနိုင်တော့ဘူး...မင်းကိုတောင် မကန်နိုင်သေးဘူး..."

Endless Flowers [Completed]Where stories live. Discover now