Chapter 12

7.3K 908 139
                                    


Xiaozhan ကိုဆေးရုံပို့တာ အချိန်မီတယ်ဆိုရုံလေးပါပဲ...။ ‌ဆေးရုံရောက်တော့ သူ့ခမျာ သွေးထွက်လွန်ပြီး နှလုံးခုန်သံတောင် မျှင်းမျှင်းလေးပဲ စမ်းလို့ရကြတော့တာ...။ အခုတော့ ခွဲခန်းရှေ့မှာ ကျွန်တော် ထိုင်မရထမရ ဖြစ်နေရပြီ...။ ရသမျှ ဘုရားစာတွေဆိုလိုက် ရှိသမျှနတ်မင်းတွေ တိုင်တည်လိုက်လုပ်ပြီး စိတ်ကိုမလွတ်သွားအောင် ထိန်းနေရတာ...

သုံးနာရီ‌ကြာတော့မှ ခွဲခန်းထဲက ပြန်ထွက်လာတဲ့  ဆရာဝန်တွေထံမှ မစိုးရိမ်ရတော့ပါဘူးဆိုတော့မှပဲ သက်ပြင်းချလိုက်နိုင်တော့တယ်...။ တော်ပါသေးရဲ့ကွာ...



တစ်ညလုံးသတိမရလာသေးတဲ့သူ့ကို ဘေးနားကထိုင်ကြည့်နေရုံပဲ တတ်နိုင်တော့တယ်...။ တစ်ညနေခင်းအတွင်းမှာကို အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ ရူးတောင်ရူးချင်လာပြီ...။ တစ်သက်လုံး မဖုံးထားနိုင်မှန်းတော့ သိပေမယ့် ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ပေါ်သွားမယ်လို့ မထင်ထားမိဘူး...။ ကိုယ့်လက်နဲ့ကိုယ် အဲ့လောက်ထိ သူ့ကိုထိခိုက်အောင် လုပ်လိုက်မိလိမ့်မယ်လို့လည်း ယောင်လို့တောင် မတွေးထားတာ...

ရေကူးကန်မှာထဲက သူ့ကို ထိခိုက်အောင် ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားကာမှ ခုတော့ ပိုဆိုးအောင် လုပ်မိလိုက်ပြီ...တော်ပါသေးရဲ့ သေနတ်နဲ့ မပစ်လိုက်မိလို့...။ အိမ်ပြန်ရောက်တာနဲ့ အဲ့သေနတ်ကိုပါ လွှင့်ပစ်လိုက်တော့ဖို့ ဆုံးဖြတ်လိုက်တော့သည်...

ဒါပေမယ့် သူ...သူကရော ကျွန်တော့်ကို တကယ်ကြီး ကွာရှင်းတော့မှာလား...။ အခုပြန်လာတာ ကွာရှင်းစာချုပ်ကို ချက်ချင်းပြန်လာပို့တာများလား...။ ဘယ်လိုဆွဲထားရမလဲ ဘာနဲ့ဆွဲထားရမလဲကို မသိတော့‌အောင်ပါပဲ...

အဲ့ညက ကောသေမယ့်အစား ကျွန်တော်ပဲ သေသွားခဲ့သင့်တာ....

______

သတိရရချင်း လှုပ်လိုက်တာနဲ့ ဒဏ်ရာက နာ‌နေသေးတယ်ဆိုပေမယ့် ဖြည်းဖြည်းချင်း အားယူပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်မိသည်...

" ဟူးးး...တော်ပါသေးတယ် မသေသေးဘူးပဲ..."

ဘေးကို အသာစောင်းငဲ့ကြည့်လိုက်တော့မှ ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကုတင်‌ပေါ်မှာ မျက်နှာကို ဘေးတစောင်းထားကာ မှောက်အိပ်နေတဲ့ Yiboကို တွေ့လိုက်ရတာမို့ လှုပ်နှိုးလိုက်မိတယ်...

Endless Flowers [Completed]Donde viven las historias. Descúbrelo ahora